ကင်ညာနိုင်ငံမှာ ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ပတ်အတွင်း ဆိတ် နှင့် သိုး သေဆုံးမှု ထောင်နဲ့ချီဖြစ်ပေါ်

//s9.kh1.co/7e/7ea21af1e4356ec389572e147c9f3f3daffd8bed.jpg
နေ့စဉ်သတင်းများ

 ၂၈-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ကင်ညာနိုင်ငံ မြောက်ပိုင်းရှိ Marsabit မြို့နယ်မှာ ဆိုရွားတဲ့ ရာသီဥတုဒဏ်ကြောင့် သိုးနှင့် ဆိတ် ထောင်နဲ့ချီ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ စတင်ပြီး အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ရေကြီးရေလျှံမှုတွေနဲ့အတူ အအေးဓါတ်လွန်ကဲမှုတွေပါ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် သေဆုံးတဲ့ ဆိတ်နှင့်သိုး အကောင်ပေါင်း ၅၀၀၀ ခန့် ရှိခဲ့တယ်လို့ ပြည်နယ်အစိုးရက ဖော်ပြထားပါတယ်။

Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily

အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားမှာလည်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပါတယ်။

ကင်ညာနိုင်ငံဟာ ပုံမှန်အားဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် ရေရှားပါးမှုကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒေသပဲဖြစ်ပါတယ်။

Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily
Photo Credit - China Daily

ဒီလိုရေရှားပါးတဲ့အချိန်တွေမှာလည်း မွေးမြူထားတဲ့ တိရစ္ဆာန်များစွာဟာ အင်အားနည်းမှုတွေဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးတဲ့အထိပါ မကြာခဏကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မွေးမြူရေးသမားအများကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်နယ်အစိုးထံမှ အရေးပေါ အကူအညီပေးရေးအတွက် မေတ္တာရပ်ခံထားတယ်လို့ ဆိုပါတယ်။ ကင်ညာနိုင်ငံရဲ့ ယခုတစ်ခါ ရေကြီးရေလျှံမှုဟာ နှစ်ပေါင်း ၂၄ နှစ်အကြာမှာ တစ်ဖန်ကြုံတွေ့ရခြင်းပဲဖြစ်ပါတယ်။

Photo Credit - China Daily
Photo Credit - China Daily

သတင်း အရင်းအမြစ်Source - China Daily

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T