ဒူဘိုင်း ဒုသမ္မတ ရှိတ်မိုဟာမက်ဘင် ရာရှစ် နှင့် မင်းသား ရှိတ်ဟမ်ဒန်တို့ကို သွားရောက် တွေ့ဆုံခဲ့တဲ့ ပုံများထွက်ပေါ်လာတဲ့ ခရစ်တီယာနို ရော်နယ်ဒို

//s9.kh1.co/cb/cb0636290605480954eaede0e688a69c8246f0d9.jpg
အားကစားသတင်းများ

 ၂၈-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

မန်ချက်စတာယူနိက်တက်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ခရစ်တီယာနို ရော်နယ်ဒိုဟာ ဒူဘိုင်းကိုရောက်ရှိနေတဲ့အချိန်မှာ ဒုသမ္မတ ရှိတ်မိုဟာမက်ဘင် ရာရှစ် နှင့် အိမ်ရှေ့မင်းသား ရှိတ်ဟမ်ဒန် တို့ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ The National သတင်းတစ်ပုဒ်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒူဘိုင်းမှာ ရက်အနည်းငယ်ကြာသွားရောက်ခဲ့ပြီး ကမ်းခြေမှာလည်း အပန်းဖြေလည်ပတ်ခဲ့သလို Nad Al Sheba Sports Complex မှာလည်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

ဒါ့အပြင် အိမ်ရှေ့မင်းသား ရှိတ်ဟမ်ဒန် ရဲ့ Instagram မှာလည်း ရော်နယ်ဒိုဟာနဲ့ သားဖြစ်သူ Cristiano Junior နဲ့အတူ ဓာတ်ပုံတွေလည်း ထားတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒို နှင့် မင်းသား ရှိတ်ဟမ်ဒန်တို့ဟာ ပထမဆုံးတွေ့ဆုံခြင်းမဟုတ်ဘဲ 2020 ခုနှစ် ဒီဇင်ဘာလလောက်ကလည်း တစ်ခါ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက အပြေးစက်ပေါ်မှာ အတူတကွ ဆော့ကစားနေကြတဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခဲ့သေးပါတယ်။

Photo Credit - The National
Photo Credit - The National

လက်ရှိ ဒူဘိုင်းမှာ ရော်နယ်ဒိုတစ်ဦးတည်းသာ ရောက်ရှိနေခြင်းသာမဟုတ်ဘဲ ပရီးမီးယားလိဂ် အသင်းများစွာက ကြယ်ပွင့်များလည်း ရှိနေတယ်လို့ သိရပါတယ်။ ကြာသပတေးနေ့က မင်းသား ရှိတ်ဟမ်ဒန်ဟာ ဒူဘိုင်းမှာ ကျင်းပပြုလုပ်တဲ့  Arab Health 2022 ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲဟာ နိုင်ငံပေါင်း ၆၀ မှ ပြခန်းပေါင်း ၃၅၀၀ ကျော်ကို စုစည်းပြသထားဖြစ်ပြီး ဒါဟာ ဒူဘိုင်းရဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာဖို့ ရည်ညွှန်းထားတဲ့ ပြပွဲလို့လည်း ဆိုပါတယ်။

Photo Credit - The National
Photo Credit - The National

သတင်း အရင်းအမြစ်Source - The National

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T