မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိတဲ့ Popa langur မျောက်မျိုးစိတ်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က မဟာမဲခေါင်ဒေသမှာ မျိုးစိတ်သစ်ပေါင်း ၂၂၄ ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိမှုကိုတော့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF) မှလေ့လာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အများသောအားဖြင့် ဒီမျောက်မျိုးစိတ်သစ်တွေဟာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှာ နေထိုင်ကျက်စား ကြတာဖြစ်ပါတယ်။
အဲ့ဒီမျိုးစိတ်သစ် ၂၂၄ ခုထဲက Popa langur မျိုးစိတ်ဟာ မြန်မာနိုင်ငံရှိ ပုပ္ပါးတောင်မှာလည်း တစ်ခါတလေတွေ့ရတက်တယ်လို့ ဆိုပါတယ်။ ဒီမျောက်တွေရဲ့ ထူးခြားချက်ကတော့ အပူဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိတဲ့ မျိုးစိတ်ပါ။ သူ့ရဲ့ မျက်လုံးတစ်ဝိုက်မှာလည်း လှပတဲ့အဖြူရောင်အကွင်းများရှိတဲ့အပြင် အရှေ့ကိုထွက်နေတဲ့ ပါးသိုင်းမွှေးများလည်း ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှ စတင်ကာ ဒေသတွင်းမှာ လေ့လာတွေ့ရှိထာတဲ့ စာရင်းများအရ မျိုးစိတ်သစ်ပေါင်း ၃၀၀၀ ကျော်ကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
တချို့မျိုးစိတ်တွေကတော့ လူတွေရဲ့ လုပ်ဆောင်ခြင်းကြောင့် နေထိုင်ရာနေရာများ ပျက်စီးခြင်း ၊ တရားမဝင် သတ်ဖြတ်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုကြောင့် မျိုးတုန်းပျောက်ကွယ်သွားခဲ့ပါတယ်။ ယမန်နှစ်က ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာတော့ ကိုဗစ်ရောဂါရဲ့ ကန့်သတ်ချက်တွေကြောင့် အရှေ့တောင်အာရှမှာ တောရိုင်းတိရိစ္ဆာန်များ မှောင်ခိုကူးသန်းမှုတွေဟာ ပြန်လည်မြင့်တက်လာကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Source- CNA