ထိုင်းအစိုးရက ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ခဲ့ပြီးနောက် အိမ်တွင်းစိုက်ပျိုးမှုကို ခွင့်ပြုမည်

//s9.kh1.co/04/041bcbdf1ec694c56a666fd46851739302bfc19c.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းမူးယစ်ဆေးဘုတ်အဖွဲ့ဟာ ဇန်နဝါရီ ၂၅ ရက်က မူးယစ်ဆေးဝါးစာရင်းကနေ ဆေးခြောက်ကို ဖယ်ရှားခဲ့တာကြောင့် နေအိမ်တွေမှာ စိုက်ပျိုးခွင့်ရတော့မှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့အတွက် ၂၀၁၈ ခုနှစ်မှာ တရားဝင်ခွင့်ပြုခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ ပထမဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ထုတ်ပြန်ထားတဲ့ ဥပဒေရဲ့ စည်းကမ်းချက်တွေအရ အိမ်များမှာ ဆေးခြောက်ပင်များ စိုက်ပျိုးနိုင်ပေမယ့် စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင် လိုင်စင်ရှိမှ ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။ ဒီစည်းကမ်းချက်ကို တရားဝင် Royal Gazette တွင် ထုတ်ပြန်ရမည်ဖြစ်ပြီး အိမ်သုံးဆေးခြောက်ပင်များ တရားဝင်မဖြစ်မီ ရက်ပေါင်း ၁၂၀ ကျော်သွားမှာ ရမှာဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

နေအိမ်မှာ စိုက်ပျိုးတဲ့ ဆေးခြောက်ကို တိုင်းရင်းဆေးလို ဆေးဝါးအတွက် အသုံးပြုနိုင်မှာပါလို့ အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေး အရာရှိ Paisal Dankhum က ပြောထားပါတယ်။ကြမ်းအသစ်အရ အစိုးရကို အသိမပေးဘဲ နေအိမ်မှာ ဆေးခြောက်စိုက်ရင် ဘတ် ၂ သောင်း အထိ ဒဏ်ငွေရိုက်ခံရမှာ ဖြစ်ပြီး လိုင်စင် မရှိဘဲ ရောင်းရင် ဘတ် ၃ သိန်း ဖြစ်စေ ဒါမှမဟုတ် ထောင် ၃ နှစ် ကျခံရမှာဖြစ်တယ်လို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T