ကမ္ဘာ့အသက်အကြီးဆုံး ‌မျောက်ဝံအထီးကြီးကွယ်လွန်

//s9.kh1.co/0f/0f7ecb3c34743f21c56bbb68b7b15ddcb8bf8467.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်

လက်ရှိမျောက်ဝံအထီးတွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ မျောက်ဝံကြီး Ozzie ဟာလွန်ခဲ့တဲ့အင်္ဂါနေ့ကနေ့က သေဆုံးသွားပြီလို့သိရပါတယ် သုံးကောင်မြောက်အသက်အကြီးဆုံး မျောက်ဝံကြီးလည်းဖြစ်တဲ့သူဟာသေဆုံးချိန်မှာ အသက် ၆၁ နှစ်ရှိနေခဲ့ပါပြီ သူနေထိုင်ရာ အက်လန်တာတိရစ္ဆာန်ရုံမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး

Photo via CNN
Photo via CNN

မသေဆုံးခင် ၂၄ နာရီအလိုလောက်ကတည်းက အစားမစားတော့တာတွေ မျက်နှာယောင်လာတာတွေ အားနည်းနေတာတွေဖြစ်ပေါ်ခဲ့တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေးတွေကတွေက သူ့ကိုဂရုတစိုက်ကြည့်ရှူပေးခဲ့ကြပေမဲ့ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ် ‌ဂျော်ဂျီယာတက္ကသိုလ် တိရစ္ဆာန်ကုသရေးဌာနက သူ့ကိုရင်ခွဲစစ်ဆေးပြီးသွားရင် အသေးစိတ်ထုတ်ပြန်မယ်လို့ အက်လန်တာတိရစ္ဆာန်ရုံဖက်က ပြောကြားခဲ့ပါတယ် မျောက်ဝံတွေဟာ အသက် ၄၀ ကျော်ရင်လူတွေလိုပဲ ဘိုးဘွားစောင့်ရှောက်ရေးလိုအပ်လာတယ်လို့ပါ ထပ်ပြောခဲ့ပါသေးတယ်

အသက် ၆၀ ပြည့်မွေးနေ့တုန်းက Ozzie (Photo via WSB Radio)
အသက် ၆၀ ပြည့်မွေးနေ့တုန်းက Ozzie (Photo via WSB Radio)

“အက်လန်တာတိရစ္ဆာန်ရုံအတွက်တော့ ဆုံးရှူံးမူကြီးတစ်ခုပါပဲ တစ်နေ့ဒီလိုဖြစ်မယ်ဆိုတာသိခဲ့ပေမဲ့လည်း တကယ်ဖြစ်လာချိန်မှာတော့ အဲ့အသိက ဆုံးရှုံးလိုက်ရတဲ့ ကျွန်တော်တို့ရဲ့ကြေကွဲမူကို မသက်သာစေပါဘူး”လို့ တိရစ္ဆာန်ရုံဥက္ကဌဖြစ်သူ ရေမွန်ဘီကင်းက ထုတ်ပြန်ခဲ့ပါတယ် “Ozzie ကျွန်တော်တို့ကို ပေးခဲ့တဲ့ကျေးဇူးတွေက တစ်သက်ဆပ်လို့မကုန်နိုင်ပါဘူး မျိုးဆက်တစ်ခုချင်းစီမှာ မျောက်ဝံမျိုးဆက်တစ်ခုစီချန်ထားပေးခဲ့ပြီး သူ့မျိုးစိတ်မျောက်ဝံတွေနဲ့ပတ်သက်လို့ အသိပညာတွေကိုလည်း အများကြီးချန်ထားခဲ့ပါတယ် ဘဝထဲကတစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုခံစားနေရမဲ့ ထိန်းသိမ်းရေးအဖွဲ့ကိုလည်း ကျွန်တော်တို့ကိုယ်ချင်းစာပါတယ်”လို့ထပ်ပြောခဲ့ပါတယ်

Photo via GetYourGuide
Photo via GetYourGuide

Ozzie ဟာသားသမီးမြေးမြစ်တွေအထိပါ အက်လန်တာထဲမှာ အတူတူနေထိုင်နိုင်ခဲ့ပြီး သေဆုံးချိန်မှာ သူ့မျိုးဆက်ပေါင်း အကောင် ၂၀ လောက်ကျန်ခဲ့ပါတယ် ဒီမှာတင်မကပဲ ၁၉၈၈ ခုနှစ်ကတည်းက အမေရိကန်ကိုရောက်လာခဲ့တဲ့ Ozzie ဟာအမေရိကန်နဲ့ ကနေဒါနိုင်ငံအနှံ့အပြားက တိရစ္ဆာန်ရုံတွေမှာနေထိုင်ဖူးပါတယ် Ozzie ဟာ ၂၀၁၉ ခုနှစ်မှာ သွေးဖိအားတိုင်းတာမူကို စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ပေးခဲ့တဲ့ ပထမဆုံးမျောက်ဝံအဖြစ်နဲ့ နာမည်ကြီးလာခဲ့ပါတယ် မနှစ်ကဆို Ozzie အပါအဝင်တခြားမျောက်ဝံတွေအများအပြားဟာ Covid-19 ရောဂါကူးစက်ခံခဲ့ရပါသေးတယ် Ozzie ဟာအနောက်ဖက်မြေနိမ့်ပိုင်းမျိုးရိုးမျောက်ဝံတစ်ကောင်ဖြစ်ပြီး လက်ရှိအချိန်မှာ မျိုးတုန်းတော့မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ မျိုးရိုးတစ်ခုပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T