တွန်ဂါမီးတောင် ပေါက်ကွဲမှုဟာ ဟီရိုရှီးမား ဗုံးထက် အဆပေါင်း ရာနဲ့ချီ နှင့်ညီမျှကြောင်း NASA မှ ထုတ်ပြန်

//s9.kh1.co/4a/4a0653faacf3da7a68b33d269ea8d16cdbe0d22f.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဇန်နဝါရီ ၁၅ ရက်က တွန်ဂါနိုင်ငံရှိ မီးတောင်ပေါက်ကွဲမှုဟာ ပြင်းထန်မှုဟာ ဟီရိုရှီးမား ဗုံး (၁၀၀) ထက်ညီမျှခဲ့ကြောင်း NASA က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဂြိုလ်တုနှင့် မြေပြင်အခြေခံ စစ်တမ်းများကို ပေါင်းစပ်အသုံးပြုပြီး ပညာရှင်များဟာ မီးတောင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာတဲ့ ကျောက်ပမာဏအပေါ် အခြေခံပြီး မီးတောင်ရဲ့ ပေါက်ကွဲခဲ့တဲ့ အားကို ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - The Natural
Photo Credit - The Natural
Photo Credit - The Natural
Photo Credit - The Natural

ဒါပေမယ့် မီးတောင်ပေါက်ကွဲမှုက ထွက်လာတဲ့ စွမ်းအင်ပမာဏဟာ TNT ရဲ့ ၄ မှ ၁၈ megatons ကြားမှာ တစ်နေရာနဲ့ ညီမျှတယ်လို့ ကျွန်တော်တို့ထင်ပါတယ်" လို့လည်း NASA ရဲ့ Goddard Space Flight Center မှ သိပ္ပံပညာရှင် ဂျင်မ်ဂါဗင်က က ပြောကြားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအားဟာ ၁၉၄၅ ခုနှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သို့ အမေရိကန်ပြည်ထောင်စုမှ ပစ်ချခဲ့တဲ့ အဏုမြူဗုံးထက် အဆပေါင်းရာနှင့်ချီ ပေါက်ကွဲနိုင်ချေရှိပြီး စွမ်းအင် ၁၅ ကီလိုတန် (၁၅၀၀၀ တန်) ဖြင့် ပေါက်ကွဲနိုင်တယ်လို့ ခန့်မှန်းရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - The Natural
Photo Credit - The Natural
Photo Credit - The Natural
Photo Credit - The Natural

တွန်ဂါမီးတောင်ပေါက်ကွဲမှုဟာ ၁၉၉၁ ခုနှစ်က ပီနာတူဘိုမီးတောင် ပေါက်ကွဲပြီးကတည်းက ကမ္ဘာပေါ်မှာ အနှစ် ၃၀ ကျော်အတွင်း အပြင်းအထန်ဆုံး ပေါက်ကွဲခဲ့တဲ့ မီးတောင်တစ်ခုပဲ ဖြစ်ပါတယ်။ တွန်ဂါမီးတောင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ အသေးစားပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လူမနေတဲ့ Hunga Tonga-Hunga Ha'apai ကျွန်းကို လှုပ်ခါပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာပဲ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - The Natural

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T