အင်ဒိုနီးရှားမှာ ရန်ပွဲတစ်ခုကြောင့် နိုက်ကလပ်မီးလောင်ပြီးလူ ၁၉ ယောက်အထိသေဆုံးခဲ့

//s9.kh1.co/de/de3d65eba93bfa47cb4509377ddb0c5d8a82dab0.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အဖွဲ့နှစ်ဖွဲ့ကရန်အကြီးအကျယ်ဖြစ်ခဲ့တာလို့သိရပါတယ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဖက် ပါပူအာပြည်နယ်ထဲက နိုက်ကလပ်တစ်ခုမှာ အဖွဲ့နှစ်ခု ခိုက်ရန်ဖြစ်ပွားမူကြောင့် နိုက်ကက်ကလပ်မီးလောင်ပြီး လူ ၁၉ ဦးသေဆုံးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အင်္ဂါနေ့ကထုတ်ပြန်ခဲ့ပါတယ် 

Credit:BBC
Credit:BBC

အဆိုပါအဖွဲ့နှစ်ခုကလူတွေဟာ တောခုတ်ဓားတွေ မြှားတွေ မီးပုလင်းတွေအသုံးပြုပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်လို့ အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အာမတ်ရာမတ်ဟန်ကပြောခဲ့ပါတယ် သေဆုံးသူတွေထဲကတစ်ယောက်ဟာ ရန်ဖြစ်ကြသူတွေထဲကတစ်ဦးဖြစ်ပြီး တခြားအလောင်း ၁၈ လောင်းကိုလည်း တွေ့ခဲ့ရတယ်လို့သိရပါတယ် လွန်ခဲ့တဲ့စနေနေ့ညကတည်းကဖြစ်ခဲ့တဲ့ နားလည်မူလွဲပြီးရန်ဖြစ်တာကနေ တနင်္လာနေ့အထိ ရန်မီးမငြိမ်းပဲဖြစ်ခဲ့ကြတာလို့ မြို့တော်ရဲမှူး အာရီနရိုတို ဆယ်တီအာဝမ်ကပြောပါတယ်

Credit:BBC
Credit:BBC

“သူတို့ကိုစိတ်လျှော့ဖို့ ခေါ်ပြောခဲ့ပေမဲ့ ညမှောင်တဲ့အထိသူတို့ရန်ဆက်ဖြစ်နေခဲ့ကြတာပါ”လို့ပြောခဲ့ပါတယ် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ရဲတွေကတခြားလူတွေကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ဖြစ်စဥ်ပြီးတော့ မီးသတ်သမားတွေက အလောင်းတွေကိုတွေ့ရှိခဲ့တာလို့သိရပါတယ် မီးကတော့ရှို့မီးလား မီးပုလင်းတွေကြောင့် မရည်ရွယ်ပဲလောင်ခဲ့တာလား တခြားအကြောင်းရင်းကြောင့်လားဆိုတာ စုံစမ်းနေဆဲလို့သိရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T