အနောက်အာဖရိက ရှိ ဘာကီနာဖာဆို နိုင်ငံမှာ စစ်တပ် က နိုင်ငံတော်အာဏာ ကို ထိန်းချုပ်လိုက်တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။ ထိုဖြစ်စဥ်ဟာ တနင်္လာ နေ့ က ဖြစ်ပွားခဲ့တာဖြစ်ပြီး သမ္မတ ရော့ချ် ကာဘိုရီ ကို ဖြုတ်ချကာ အစိုးရအဖွဲ့ နဲ့ လွှတ်တော် ကို ဖျက်သိမ်း လိုက်သလို အခြေခံဥပဒေ ကိုလည်းဖျက်သိမ်း ပြီး နယ်စပ်တွေ ကိုပါ ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။
လူထုစည်းလုံးအောင်၊နိုင်ငံ တိုးတက်အောင် အစိုးရ ကလုပ်ဆောင်နိုင်စွမ်းမရှိတဲ့အပြင် နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ လုံခြုံရေးအဆင့်လျော့ကျလာမှုတွေကြောင့် စစ်တပ်က အာဏာ သိမ်းလိုက်တာဖြစ်တယ်လို့ ဗိုလ်ကြီး ကာဒါ အိုဒရာအိုဂို က နိုင်ငံပိုင် ရုပ်သံ လိုင်းကတစ်ဆင့်ပြောကြား ပြီး အာဏာသိမ်းကြောင်းကြေညာလာတာဖြစ်ပါတယ်။
၎င်းတို့အနေနဲ့ အာဏာသိမ်းရန်ကြံစည်နေတာ သြဂုတ်လတည်းကဖြစ်တယ်လို့ အာဏာသိမ်းခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ထိုကြေငြာချက်ထွက်လာလာချင်းမှာပဲ ပြည်သူတွေက လမ်းမပေါ်စုဝေးလာကြတယ်လို့ သိရပါတယ်။