ရန်ကုန်မြို့ အင်းယားကန်မှာ ကျင်းပပြုလုပ်မယ့် ရိုးရာလှေလှော်ပြိုင်ပွဲ

//s9.kh1.co/32/3254b73c4464e16c7521bd269d89c183c7064780.jpeg
နေ့စဉ်သတင်းများ

 ၂၅-ဇန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ကချင်ပြည်နယ် နဲ့ ကယားပြည်နယ် မှ လွဲ၍..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အားကစားနှင့်ကာယပညာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့က ပူးပေါင်းကာကျင်းပပြုလုပ်မယ့် (၂၀၂၂)ခုနှစ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကြီး ကို ရန်ကုန်မြို့ အင်းယားကန်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ ပြိုင်ပွဲကို ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲ၍ အခြားသော ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်များက ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်တယ် လို့ သိရပါတယ်။ ထိုပြိုင်ပွဲကို အမျိုးသားအသင်း (၁၃) သင်းနဲ့ အမျိုးသမီးအသင်း (၁၁) သင်း ၊ အားကစားသမား စုစုပေါင်း (၃၅၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပြိုင်ပွဲကိုတော့ (၂၀၂၂)ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ မှ စတင်ကာ (၂)ရက်တာသာ ရန်ကုန်မြို့ အင်းယားကန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲတွေပြုလုပ်ရခြင်းမှာ တိုင်းနဲ့ပြည်နယ်ရှိကစားသမားတွေ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ရရှိစေနိုင်ရန်လို့လည်း ဆိုထားပါသေးတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T