Marvel ကိုရောက်လာနိုင်ခြေရှိတဲ့ Henry Cavill နဲ့ Ben Affleck

//s9.kh1.co/0a/0a4c420794e6bade295c644535c2bb0ca3314594.jpg
ဖျော်ဖြေရေးများ

 ၂၄-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

သူတို့ရဲ့ DCEU Role တွေကလည်း မသေချာမရေရာတွေဖြစ်နေပါပြီ

ပြီးခဲ့တဲ့နှစ်တွေဟာ DC Universe အတွက် ရုပ်ရှင်အပိုင်းမှာ တော်တော်လေးဆိုးရွားတဲ့နှစ်တွေဖြစ်ခဲ့ပါတယ် ဇာတ်လမ်းကျောရိုးတွေ ဦးတည်ချက်အပြောင်းအလဲတွေအများကြီးရှိခဲ့တဲ့အပြင် အဓိကသရုပ်ဆောင်အပိုင်းတွေမှာပါ တော်တော်လေးတိုင်ပတ်ခဲ့လို့ပါ Ben Affleck ကလည်း Batman အဖြစ်ပြန်လာတော့မှာမဟုတ်ဘူးလို့ပြောသလို Henry Cavill ရဲ့ Superman ကလည်း ဘာမှန်းညာမှန်းမသေချာတော့ပါဘူး အဲ့အပြင် Flash ကြောင့် သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်တွေဟာ DCEU ထဲကနေပျောက်ကွယ်သွားမယ်လို့လည်း ကောလဟာလထွက်နေပါတယ် 

Credit:Warner Bros
Credit:Warner Bros

ခုတော့ သူတို့နှစ်ယောက်စလုံး Marvel ဆီကိုလာဖို့ ဆွေးနွေးနေကြတယ်လို့ သိရပါတယ် ကောလဟာလတွေပဲဖြစ်ပြီး သတင်းအတိအကျတော့မကြားရသေးပေမဲ့ ခုကြားရတဲ့သတင်းတွေက ယုံကြည်ရတဲ့အရင်းအမြစ်ကနေ ကြားရတာပါ Spider-Man :No Way Home နဲ့ပတ်သက်လို့ မှန်ကန်တဲ့ Leak တွေထုတ်ခဲ့တဲ့ MyTimeToShine ကနေကြားရတဲ့သတင်းတွေဖြစ်ပါတယ် ထပ်ပြောရရင် ဒီသရုပ်ဆောင်တွေ MCU ထဲဘယ်လိုရောက်လာမလဲဆိုတာပါ အသေးစိတ်သိရပါတယ် Ben Affleck က Daredevil ရဲ့  Varient အဖြစ်ရောက်လာနိုင်ပြီး သူ့ကို Doctor Strange:Multiverse of Madness မှာပါဖို့ကမ်းလှမ်းတုန်းကတော့ ငြင်းခဲ့ပါသေးတယ်

Ben Affleck ရဲ့ Daredevil (Credit:Pinterest)
Ben Affleck ရဲ့ Daredevil (Credit:Pinterest)

Henry Cavill ကတော့ MCU မှာပါမယ်ဆို သူကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်တဲ့ Captain Britain အဖြစ်ပါလာနိုင်ပါတယ် သူကိုယ်တိုင်ကလည်း အင်တာဗျူးတစ်ခုမှာ Captain Britain အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ပြောဖူးပါတယ် ဒီဇာတ်ကောင်ကတော့ MCU မှာမရှိသေးပါဘူး Captain Britain ကို Peggy Carter က Avengers:Endgame ထဲမှာတစ်ခါပြောသွားဖူးပေမဲ့ သူနဲ့ပတ်သက်တဲ့ ပရောဂျက်တွေဘာတွေ လုံးဝမတွေ့ရသေးပါဘူး

Credit:Codelist
Credit:Codelist

MCU ပရိသတ်တွေက သူ့ကိုအဲ့နေရာမှာသရုပ်ဆောင်စေချင်မှန်းသိပေမဲ့ Henry ကတော့ Superman အဖြစ်ဆက်နေချင်တုန်းပါပဲတဲ့ တကယ်လို့ Warner Bros ကဆုံးဖြတ်ချက်မြန်မြန်မချရင်တော့ Henry ဟာ MCU ထဲရောက်လာလိမ့်မယ်လို့ထင်ရပါတယ် Marvel ဟာခုချိန်မှာ Multiverse ကိုဖွင့်ထားပြီးသားမလို့ ဖြစ်နိုင်ချေတွေအများကြီးရှိပါတယ် သူတို့နဲ့ပတ်သက်လို့အသေးစိတ်ကိုတော့ Doctor Strange:Multiverse of Madness ထွက်ခါနီးမှာထပ်ကြားရမယ်လို့သိရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T