Netflix ရဲ့နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Lucifer ဇာတ်လမ်းကိုဖန်တီးသူ Neil Gaiman က ဇာတ်လမ်းတွဲကို သပိတ်မှောက်ဖို့ နှိုးဆော်ကြသူများကို ထပ်ပြီးတော့ကျေးဇူးတင်လိုက်ပါတယ် “Lucifer ဇာတ်လမ်းတွဲမထွက်လာခင်ကတည်းက သပိတ်မှောက်ကြဖို့တိုက်တွန်းနေတဲ့ One Million Moms ဆိုတဲ့အဖွဲ့အစည်းကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်”လို့ Gaiman က Twitter မှာရေးသားခဲ့တာပါ
I would just like to formally thank the @1millmoms for their attempts to ban Lucifer before it came out. Their boycott was the thing that signalled that Sandman had arrived as a comic, and I knew it boded well for our TV spin-off.https://t.co/Af80pBALsN
— Neil Gaiman (@neilhimself) January 22, 2022
“သူတို့ကြောင့်သာ Sandman ဇာတ်လမ်းတွဲပါ Netflix ပေါ်ရောက်လာတာဖြစ်ပြီး Lucifer ရဲ့အဆက်ရုပ်ရှင်ကားကိုလည်း ကြိုနိမိတ်ဖတ်ပြနေသလိုပါပဲ”လို့ပြောခဲ့ပါတယ် Lucifer ဇာတ်လမ်းတွဲဟာ Nielsen ရဲ့ အမေရိကန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အကြည့်အများဆုံး ဇာတ်လမ်းတွဲထဲမှာပါဝင်ခဲ့ပြီး ၉၃ ပိုင်းစလုံးကို ကြည့်ရှူချိန် ၁၈.၃ ဘီလီယံရရှိခဲ့ပါတယ်

One Million Moms ဆိုတာကတော့ အမေရိကန်မိသားစုအဖွဲ့အစည်းတစ်ခုက တည်ထောင်ထားတဲ့ Website တစ်ခုဖြစ်ပြီး ခရစ်ယာန်ဘာသာရေးတက်ကြွလှုပ်ရှားတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုလို့ပြောနိုင်ပါတယ် သူတို့ရဲ့ရည်ရွယ်ချက်က မီဒီယာကြောင့် ကလေးတွေစွန့်စားချင်စိတ်ပေါက်လာမှာကို တားဆီးဖို့ပါ ၂၀၁၅ ခုနှစ် Lucifer ဇာတ်လမ်းတွဲ Fox မှာစမထွက်ခင်ကတည်းက “ဒီဇာတ်လမ်းဟာ နတ်ဆိုးကို ကြင်နာတတ် ဂရုစိုက်တတ်တဲ့ လူသားတစ်ယောက်အသွင် ပုံဖော်ထားတာကြောင့်”ဆိုတဲ့အကြောင်းပြချက်နဲ့ သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ် “Lucifer ဇာတ်လမ်းတွဲဟာ ခရစ်ယာန်ဘာသာရေးကို မလေးမစားလုပ်ပြီး သမ္မာကျမ်းစာကို လှောင်ပြောင်နေတယ်”လို့လည်းစွပ်စွဲပါသေးတယ်

Tom Ellis ကနတ်ဆိုးအဖြစ်သရုပ်ဆောင်ထားပြီး ဇန်နဝါရီလ ၂၀၁၆ ခုနှစ်မှာစတင်ပြသခဲ့တဲ့ Lucifer ဇာတ်လမ်းတွဲဟာ Season ၃ ခုအပြီးမှာ Cancel ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ Netflix က Original Series အဖြစ်ပြန်အသက်သွင်းပြီးနောက် Season ၆ ခုအထိရှိလာခဲ့ပါတယ် ဇာတ်လမ်းတွဲမထွက်ခင်ကတည်းက တောက်လျှောက် ဝေဖန်မူတွေပြုလုပ်နေတဲ့ ဒီ Website ကို Lucifer ကိုဖန်တီးသူကလည်း တောက်လျှောက်ကျေးဇူးတင်စကားဆိုနေခဲ့တာပါ One Million Moms Website ကိုအောက်ပါ link မှာဝင်ရောက်ကြည့်ရှူနိုင်ပါတယ်
သတင်း အရင်းအမြစ်៖ One Million Moms