တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကားတိုက်ခံရပေမယ့် ဆက်လက် သတင်းကြေငြာနေခဲ့တဲ့ သတင်းထောက်ရဲ့ ရုပ်သံ

//s9.kh1.co/15/1590e30d3aab1a8f48163622d4bdfc3141a6ba04.jpg
နေ့စဉ်သတင်းများ

 ၂၄-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အနောက်ဗာဂျီးနီးယားရှိ သတင်းထောက်တစ်ဦးဟာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကားတိုက်ခံရပြီးနောက် “နာ‌ေပမယ့်လည်း အဆင်ပြေတယ်” လို့ပြောခဲ့ပါတယ်။ WSAZ အတွက် သတင်းထောက် Tori Yorgey ဟာ အခင်းဖြစ်ပွားရာနေရာရှိ လမ်းမပေါ်တွင် ရပ်နေခဲ့ပါတယ်။ ဗီဒီယိုထဲမှာဆိုရင်တော့ Tim Lrr ဟာ အခင်းဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Yorgey ဆိပြောနေတာ ဖြစ်ပါတယ်။ တွစ်တာတွင် မျှဝေထားတဲ့ ဗီဒီယိုဖိုင်တွင် အဖြူရောင် SUV ကားကြီးဟာ တိုက်ရိုက်လွင့်‌ေနစဥ်တွင် အနောက်မှ တိုက်မိသွားမိတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=349,h=262,q=100/b2/b2c19395ff2ae161dd8966cbf1f4eae3113d0df4.jpg

တိုက်မိပြီးနောက် ကင်မရာက လဲကျသွားပေမယ့် Yorgey က “အို ဘုရားသခင်၊ ငါကားနဲ့တိုက်မိတာပဲ ဒါပေမယ့် ငါအဆင်ပြေတယ်! ကားတိုက်ခံရတာ သက်သာပါတယ် Tim!” ဆိုပြီး ပြောသံကိုကြားလိုက်ရပါတယ်။ Tim ဟာ စိတ်သက်သာရာ ဖြစ်ပုံနဲ့ "ဒါက မင်းအတွက် ပထမဆုံး TV ပဲ၊ Tori" ဆိုပြီပြောလိုက်ပါတယ်။ ဗီဒီယိုထဲမှာ Yorgey ဟာ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း တိုက်မိတဲ့ ယာဉ်မောင်းအား ပြောပြ‌ေနတာကို ကြားနိုင်ပါတယ်။ "မင်းသိပါတယ်၊ ဒါ မင်းအတွက် တိုက်ရိုက်ထုတ်လွင့်‌ေနတဲ့ TV ပဲ" လို့ Tim က ပြောလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=334,q=100/ee/ee7116c7c25abf0eaeff0287d4662c600419d0b2.jpeg
https://s9.kh1.co/__image/w=650,h=325,q=100/db/db67df520ef7acb5694d05a66b000ba314b8440e.jpg

Yorgey က "အားလုံးအဆင်‌ေပြပါတယ်။ တက္ကသိုလ်တက်တုန်းကလည်း ဒီလိုပဲ ကားတိုက်ခံရတာ။ အဆင်​​ပြေလို့ တော်ပါသေးတယ်​။" အခင်းဖြစ်ပွားပြီးနောက် Yorgey ဟာ သူမရဲ့ကင်မရာကို ကောက်ကိုင်လိုက်ပြီး ပြန်ထောင်လိုက်ကာ သူမရဲ့အစီရင်ခံစာကို ဆက်လက်လုပ်ဆောင်နေချိန် တိုက်မိတဲ့ကားသမားက သူမအဆင်ပြေ မပြေ ဆက်လက်မေးမြန်ခဲ့ပါသေးတယ်။ အဲ့နောက် Tim ကို " ကျွန်မက ဒီနေရာကို အဆင်ပြေမယ်ထင်မိတာပါ၊ ကင်မရာကို နည်းနည်းရွှေ့ဖို့တော့လိုမယ် " ဆိုပြီးပြောကာ နေရာပြောင်းခဲ့ပါတယ်။ ရွှေ့ပြီးချိန်မှာတော့ သူမရဲ့ သတင်းကို ဆက်လက်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f0/f0aa0550c48655ed0d6342fb5a31ad2f87014bf8.png

ဒီဗီဒီယိုဖိုင်ပျံ့သွားပြီးနောက်မှာ ကြည့်ရှူသူတချို့ဆီကနေ Tim ဟာ ဒီမတော်တဆမှုမြင်တာတောင် အေးတိအေးစက်နိုင်လွန်တယ်၊ စက်ရုပ်တစ်ရုပ်လိုပဲ ဆိုပြီ စာတွေရရှိခဲ့ပါတယ်။ Tim ကတော့ သူဟာသေချာ မမြင်ခဲ့ရကြောင်းနဲ့ အသံသာကြားကြောင်း သူမကအဆင်ပြေတယ်ပြောတာတောင် သူ့အနေနဲ့စိတ်ပူနေခဲ့ကြောင်း အစရှိသဖြင့် Twitter မှာပြောခဲ့ပါတယ်။ Yorgey ကတော့ ကားတိုက်ခံရတာတောင် ထုတ်လွင့်နေတဲ့ အစီအစဉ်ကို မပျက်စေခဲ့တာမို့ လေးစားစရာပါပဲ။

သတင်း အရင်းအမြစ်Today

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T