အင်တာနက်ရဲ့ အချစ်တော်ကြောင်လေးတွေရဲ့ စူပါဟီးရိုးပုံစံများ

//s9.kh1.co/1a/1a8c774f8721a2cf0726f3f8127cd170652d96f5.png
ဖျော်ဖြေရေးများ

 ၂၄-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အင်ဒိုနီးရှား အနုပညာရှင်က ရေးဆွဲထားတာဖြစ်ပါတယ်

အင်ဒိုနီးရှား အလွတ်တန်း Illustrator တစ်ယောက်ဖြစ်သူ Fajareka Setiawan ရဲ့လက်ရာတွေဟာ ရင်သပ်ရှူမောစရာကောင်းလှပါတယ် သူ့လက်ရာတိုင်းမှာထည့်သွင်းထားတဲ့ အသေးစိတ်တွေအားလုံးဟာ အချိန်အများကြီးနဲ့ ကျွမ်းကျင်မူတွေအများကြီးလိုအပ်ပါတယ် Setiawan ဟာလတ်တလောမှာ ပရိသတ်တွေအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Marvel နဲ့ DC ကာရိုက်တာတွေသာ ကြောင်တွေနဲ့ပေါင်းစပ်လိုက်ရင် ဘယ်လိုပုံစံတွေဖြစ်လာမလဲဆိုတာကိုကြံဆပြီးတော့ အံ့အားသင့်လောက်စရာ လက်ရာတွေကိုချပြခဲ့ပါတယ် 

သာမန်ပုံစံပဲ ကြောင်တွေနဲ့ ဇာတ်ကောင်တွေကို ရောပေးလိုက်တာမဟုတ်ပဲ အသေးစိတ်အပိုင်းကို တော်တော်လေးဂရုစိုက်ထားပါတယ် အင်တာနက်ရဲ့အချစ်တော် ကြေင်တွေဖြစ်တာကြောင့်ပဲ ပုံလေးတွေက အရမ်းကိုချစ်စရာကောင်းနေပါတယ် Marvel နဲ့ DC ဇာတ်ကောင်တွေကို ပြန်ဖန်တီးတဲ့သူတွေကြားထဲမှာ Setiawan ကလည်းဆရာတစ်ဆူပါပဲ

သူဖန်တီးထားတဲ့ပုံတွေကို ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်

Credit:Fajareka
Credit:Fajareka

Ant Man ကိုတော့ သူရဲ့ ရွှတ်နောက်နောက် သဘောအတိုင်း ရဲကားတွေကို ကစားနေတာတွေ့ရမှာပါ နောက်မှာ Avengers Tower ကိုမြင်ရပါတယ် 

Credit:Fajareka
Credit:Fajareka

Spider-Cat ကိုတော့ Endgame ထဲက Suit နဲ့မြင်ရမှာဖြစ်ပြီး ဝဝတုတ်တုတ်ဝက်ကြီးအနေနဲ့တွေ့ရမှာပါ

Credit:Fajareka
Credit:Fajareka

ဒီ Thanos ကတော့ လက်သည်းတွေနဲ့ဆိုတော့ ပိုကြောက်ဖို့ကောင်းနေတယ် လက်ဖျောက်တီးဖို့တော့ မလွယ်လောက်ဘူးထင်တယ်

Credit:Fajareka
Credit:Fajareka

Aquaman နဲ့ကြောင်ရောလိုက်တော့ ငါးတွေသေပြီပေါ့

Credit:Fajareka
Credit:Fajareka

Black Panther ကြောင်ကြီးကတော့ အခန့်ညားဆုံးပဲ

Credit:Fajareka
Credit:Fajareka

Venom ကြောင်ကြီးက တော်တော်လေးအအသေးစိတ်ကျပါတယ်

Credit:Fajareka
Credit:Fajareka

ဒါကတော့ ကြောင်မလေးတွေကို ကြောင်မဲ့ Deadpool ကြောင်လေးပေါ့

ဒါက သူနောက်ဆုံးတင်ထားတဲ့ Venom cat နဲ့ Carnage cat တို့ပါ သူ့ကိုအားပေးချင်တယ် လက်ရာတွေကို ထပ်မြင်ချင်တယ်ဆိုရင် Instagram Account ကို Follow လုပ်ထားနိုင်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T