VPN ခံသုံးလျင် ထောင်(၃)နှစ်ချမှတ်ခံရမည်ဟု သတင်းများထွက်ပေါ်နေ - Myanmarload

VPN ခံသုံးလျင် ထောင်(၃)နှစ်ချမှတ်ခံရမည်ဟု သတင်းများထွက်ပေါ်နေ

https://s9.kh1.co/10/106e2f83541e39f55a20660b46a2332899bbb77e.jpg
နေ့စဉ်သတင်းများ
 23-Jan-2022 12pm · 4 months ago

VPN ခံသုံးလျင် ထောင်(၃)နှစ်ချမှတ်ခံရမည်ဟု သတင်းများထွက်ပေါ်နေ

ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်အရ Virtual private networks (VPN) သုံးစွဲမှုကို တားမြစ်ရန်စီစဉ်နေပြီး အင်တာနက်အသုံးပြုခွင့်ကို လျော့ချရန် စစ်ကောင်စီဘက်မှ စီစဉ်လျက်ရှိတယ်လို့သိရပါတယ်။ ဒီအကြောင်းအရာက စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေအား ပြန်လည်ပြင်ဆင်သည့် မူကြမ်း အခန်း (၁၇) ရဲ့ ပုဒ်မ (၉၀) မှာ ပါဝင်လာတာလို့ ထွက်ရှိလာတဲ့ မူကြမ်းတွေရဲ့ အဆိုအရ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ Virtual Private Network(VPN) နည်းပညာ သို့မဟုတ် အလားတူနည်းပညာအသုံးပြုခဲ့မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်ကနေ အများဆုံးသုံးနှစ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ မူကြမ်းစာထဲမှာ ဖော်ပြထားပါတယ်။

CyberArk
CyberArk

မြန်မာနိုင်ငံမှာဆိုရင် ဖေဖော်ဝါရီလက စတင်လို့ လူမှုကွန်ရက်စာမျက်နှာတွေ ၊ အင်တာနက်ဝပ်ဘ်ဆိုက်တွေကို VPN ခံကာ အသုံးပြုနေရတာဖြစ်ပါတယ်။ ဒီသတင်းသာ အတည်ဖြစ်သွားခဲ့ရင်တော့ အင်တာနက်သုံးစွဲသူတွေအားလုံး အချိန်မရွေး ဖမ်းဆီးအရေးယူခံရနိုင်ချေရှိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း