အမေရိကန်က သေဆံုးသူ တစ်ယောက်ရဲ့အိမ်မှာ မြွေပေါင်း ၁၀၀ ကျော်ကိုတွေ့ရှိ

//s9.kh1.co/56/567b68eab6ed7abec619dd4b881a561cd7c14cc9.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ထူးဆန်းသည်မှာ ဒီလူဟာ မြွေပေါက်လို့ အဆိပ်ကြောင့်သေတာမဟုတ်ပဲ

ချားလ်စ်ကောင်တီရှိ အိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိပြီးနောက် အာဏာပိုင်များက ကြာသပတေးနေ့တွင် ထိုအိမ်ထဲက မြွေအကောင်ရေ ၁၀၀ ကျော်ကို ဖယ်ရှားခဲ့ကြောင်း မေရီလန်းပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ အိမ်နီးနားချင်တစ်ယောက်က ထိုအိမ်မှာ လူတစ်ယောက်လဲကျနေတာကိုတွေ့တာကြောင့်ဘတာ၀န်ရှိသူတွေကို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ မီးသတ်နှင့် EMS ဝန်ထမ်းများဟာ အိမ်ရှေ့တံခါးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အိမ်အတွင်းမှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

https://s9.kh1.co/__image/w=650,h=366,q=100/16/16428159a34c937b32e14746a904622447c38f79.jpeg
https://s9.kh1.co/__image/w=650,h=372,q=100/e4/e4d4d1b394f473653a0869852e45765206162ae1.jpg

သူနဲ့ပတ်သက်တဲ့ အချက်အလက် အထောက်အထားများကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဆိုးရွားတဲ့ လက္ခဏာများ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီအမျိုးသား သေဆုံးရခြင်းရဲ့ အကြောင်းကို စုံစမ်းလျက်ရှိပါတယ်။ သေဆုံးဆက်လက်ပြီး အိမ်ထဲက အဆိပ်ရှိတဲ့ မြွေ နှင့် အဆိပ်မရှိတဲ့ မြွေစုစုပေါင်း ၁၂၄ ကောင်အား အိမ်မှ ဖယ်ရှားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ Charles County Government မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Jennifer Harris က မြွေများတွင် မြွေဟောက်များ၊ အနက်ရောင်နှင့် အစိမ်းရောင် mambas၊ စပါးအုံးမြွေများနှင့် မြွေပွေးများ ပါဝင်တယ်လို့ ပြောပြခဲ့ပါတယ်။ ၁၄ ပေရှည်တဲ့ မြန်မာ့စပါးအုံးမြွေဟာ တွားသွားသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/81/819b342608c9bba31cab1ab99d13bdfde1b4e4d6.jpg
https://s9.kh1.co/__image/w=299,h=168,q=100/57/57f38ba025616da1a6e72f209dbabd3cd474c35e.jpeg

တွားသွားသတ္တဝါများကို လှောင်ကန်များအတွင်းတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ “သူဟာ အလွန် စေ့စပ်သေချာတဲ့သူတစ်ယောက်ဖြစ်ပြီး တွားသွားသတ္တဝါတွေကို ပြုစုစောင့်ရှောက် စောင့်ရှောက်ပေးပုံရတယ်” လို့ Harris က ပြောပြခဲ့ပါတယ်။ Harris ကတော့ တိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ မြွေများကိုတော့ ထိုပြည်နယ်များရှိ ကျွမ်းကျင်ကိုင်တွယ်သူများထံ လွှဲပြောင်းပေးလျက်ရှိပါတယ်။ Harris က Maryland မှာ အဆိပ်ရှိတဲ့ မြွေတွေကို ပိုင်ဆိုင်တာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ အဆိုပါအမျိုးသားဟာ မိသားစုအိမ်တွင် တစ်ဦးတည်းနေထိုင်ပြီး အိမ်နီးနားချင်းများက အိမ်ထဲမှာ မြွေဒါဇင်များစွာရှိနေကြောင်း မသိရှိကြဘူး လို့ သိရှိရပါတယ်။ မြွေများ လွတ်မြောက်သွားတဲ့ အထောက်အထား မရှိကြောင်း၊ အနီးနားရှိ အသိုက်အဝန်းအတွက် စိုးရိမ်စရာ သို့မဟုတ် စိုးရိမ်စရာ အကြောင်းမရှိကြောင်း Harris က ပြောကြားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=618,h=347,q=100/09/09a66ed7bf88a4940683e1bd21075558ac401097.jpg

သတင်း အရင်းအမြစ်Gulf News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T