စာအုပ်လေးတွေကိုစက်ဘီးလေးပေါ်တင်ပြီးရောင်းချပေးနေတဲ့ လှည်းတန်းက စာအုပ်စက်ဘီးဆိုင်လေး - Myanmarload

စာအုပ်လေးတွေကိုစက်ဘီးလေးပေါ်တင်ပြီးရောင်းချပေးနေတဲ့ လှည်းတန်းက စာအုပ်စက်ဘီးဆိုင်လေး

https://s9.kh1.co/b3/b344f9c7e16ea73ab306b05692ca4bd9eb0f0ccb.jpg
နေ့စဉ်သတင်းများ
 21-Jan-2022 11am · 4 months ago

စာအုပ်လေးတွေကိုစက်ဘီးလေးပေါ်တင်ပြီးရောင်းချပေးနေတဲ့ လှည်းတန်းက စာအုပ်စက်ဘီးဆိုင်လေး

မျက်မှောက်ခေတ်ကာလမှာဆိုရင် နည်းပညာတွေတိုးတတ်လာတာနှင့်အမျှ နည်းပညာဆက်စပ်ပစ္စည်းတွေမှာ အချိန်ပိုပြီး သုံးမိလာတာကြောင့် စာအုပ်ဝယ်ဖတ်သူတွေ ပိုပြီးနည်းလာပါတယ်။ အချိန်မပေးနိုင်၍သော်လည်းကောင်း စာအုပ်ဆိုင်ကို တစ်ကူးတက လိုက်မရှာနိုင်၍ သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့်လည်း စာအုပ်တွေ သိပ်ပြီးမဝယ်ဖြစ်ကြတော့ပါဘူး။

Photo - Crd
Photo - Crd

စာအုပ်ရှာဝယ်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လှည်းတန်းဦးထွန်းလင်းခြံလမ်းထဲမှာ စာအုပ်လေးတွေကို စက်ဘီးလေးထဲထည့်ပြီး ရောင်းချပေးနေတဲ့ စာအုပ်စက်ဘီးဆိုင်လေးရှိနေပါပြီနော်။ ကားမှတ်တိုင်မှာ ကားစောင့်ရင်းဖြစ်ဖြစ် လမ်းသွားလမ်းလာရင်းနဲ့ ကြုံလို့ပဲဖြစ်ဖြစ် စာအုပ်စက်ဘီးဆိုင်လေးကနေ စာအုပ်လေးတွေ အားပေးလို့ရတယ်လို့ သိရပါတယ်။

Photo - Crd
Photo - Crd

စာအုပ်စက်ဘီးဆိုင်လေးဟာ နေ့စဉ်ညနေ ၅ နာရီလောက်အထိ ဦးထွန်းလမ်းခြံလမ်းမှာ ရှိနေမယ်ဖြစ်ကြောင်း သိရပါတယ်။ စာအုပ်စက်ဘီးဆိုင်လေးရဲ့ နာမည်က KOT ဖြစ်ပြီးစာအုပ်ဈေးနှုန်းလေးတွေကိုလည်း ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ဈေးလေးတွေလျော့ပေးထားပါတယ်။

Photo - Crd
Photo - Crd

လှည်းတန်းအောက်ဘက် ဗဟိုလမ်းမှာတော့ KOT စက်ဘီးစာအုပ်ဆိုင်လေးရဲ့ ပင်ရင်းဆိုင် KOT Mini Book Shop ဆိုင်လေး ရှိပါတယ်။ လမ်းကြုံရင်း စာအုပ်ဝါသနာရှင်တွေ ဝယ်ယူအားပေးနိုင်ဖို့ မေတ္တာမြင့် ဒီအကြောင်းအရာလေးကို တင်ပေးလိုက်ရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း