သားအဖနှစ်ယောက်ကို ရေခဲ‌ေမြာင်း ထဲကနေ ကယ်တင်ခဲ့ပြီးနောက် အဖေဖြစ်သူကို ဖမ်းဆီး

//s9.kh1.co/a9/a973a1e5ab7470562a2965265416cc690369a73c.jpg
နေ့စဉ်သတင်းများ

 ၂၁-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

နှစ်ယောက်လုံးကယ်တင်ခံရတာချင်းအတူတူ အဖေကိုဘာလို့ဖမ်းခဲ့လဲဆိုတော့

ဒန်ဗာမြို့ အရှေ့တောင်ပိုင်းရှိ ရေမြောင်းဖောက်လုပ်ထားတဲ့နေရာတွေ ဖခင်နဲ့အတူ ၅ နှစ်အရွယ်သား‌ေလးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဖခင်ဖြစ်သူအား ပထမအဆင့် လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှုအပါအဝင် ပြစ်မှုမြောက်မြားစွာကို ကျူးလွန်ခဲ့သည်ကို သံသယရှိသဖြင့် ဖမ်းဆီးခဲ့ကြပါတယ်။ မိုက်ကယ် နီနိုမီယာ (၄၂) နှစ်ကို ဒန်ဗာအရှေ့တောင်ပိုင်းရှိ အရေးပေါ် ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ခဲ့ပြီးနောက် တစ်ပတ်အကြာ ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ရကြောင်း Denver ရဲဌာနမှ သိရှိရပါတယ်။

https://s9.kh1.co/__image/w=634,h=357,q=100/d9/d932f3e5284aa5fd1048d841af6264e5b5034c6b.png

Ninomiya ဟာ ကလေးသူငယ်များအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု၊မဆင်မခြင် အနိုင်ကျင့်ရန် ကြိုးပမ်းမှုတို့နဲ့ ကလေးသူငယ်တွေကို ပြင်းထန်သော ခန္ဓာကိုယ် ဒဏ်ရာ ရရှိစေခဲ့တာ‌ေကြာင့် အဖမ်းခံခဲ့ရကြောင်း အထောက်အထားများအရ သိရှိရပါတယ်။ သူတို့နှစ်ယောက်ကို ကယ်ဆယ်စဉ်တုန်းက ကလေးငယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ Ninomiya ဟာ အခင်းဖြစ်ပွားတဲ့နေ့တွင် သူတို့မိသားစုဟာ ယခင်ကကဲ့သို့ တောင်တက်ခရီးထွက်ခဲ့ကြပြီး ကလေးကို ခေါ်ထုတ်ခဲ့ကြောင်း သိရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/30/30968c79ff256834d741992c4c19ae6c7fd705e4.png

Ninomiya ဟာ ထိုနေ့မွန်းလွဲပိုင်းတွင် သူတို့နှစ်‌ေယာက်အပြင်ထွက်တဲ့ ဓာတ်ပုံနှစ်ပုံကို သူ့မိန်းမဆီ ပေးပို့ခဲ့‌ေပမယ့်လည်း ကောင်လေးရဲ့မိခင်ဟာ နေ့လည်ခင်းအချိန်နှောင်းပိုင်းတွင် ဆဲလ်ဖုန်းဖြင့် ဆက်သွယ်မရသဖြင့် သူမစိုးရိမ်စပြုလာခဲ့ပါတယ်။ နောက်မကြာမီတွင် သူမရဲ့သားဟာ အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေကြောင်း ကလေးဆေးရုံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/9a/9afe75c48d716c6c093d254d72d8108b066c5220.jpg

သူတို့စုံတွဲဟာ ကိုးနှစ်ကြာ လက်တွဲလာခဲ့ပြီး အိမ်ထောင်သက် ရှစ်နှစ်ရှိကြောင်း သိရှိရပါတယ်။ Ninomiya ရဲ့ဇနီးဟာ သူတို့စုံတွဲ အပြင်ထွက်တဲ့အခါ ကောင်လေးရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်းနှင့် Ninomiya သာ သူတို့ရဲ့ သားကိုနာကျင်စေမည်ဟု သူမထင်ပါက "သူမဟာ သူတို့အား ဘယ်သောအခါမှ အတူထားခဲ့မည်မဟုတ်ကြောင်း" စုံစမ်းရေးမှူးအား ဇနီးဖြစ်သူက ပြောကြားခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/af/afb58d2cc06675dbb3cbf598bc25a5c9f719a3e0.jpg

သတင်း အရင်းအမြစ်The Mercury News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T