အင်္ဂလန်ဘုရင်မကြီး၏ ဒုတိယမြောက်သားတော် ဖြစ်သည့်မင်းသား Andrew ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က ကျူးလွန်ခဲ့သည့် တော်ဝင်မျိုးနွယ်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လုပ်ရပ်ကြောင့် တော်ဝင်အဆောင်အရာနှင့်ရာထူးရာခံများအားလုံး ရုပ်သိမ်း လိုက်ပြီပဲဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဗြိတိန်ဘုရင်မကြီးမှ မိမိ၏ ချစ်လှစွာသောသား တစ်ဖြစ်လည်း ဘုရင်မတစ်ယောက်၏ တာဝန်ဝတ္တရားကြား လွန်ဆွဲပြီး ချမှတ်လိုက်ရတာဖြစ်ပါတယ်။
မင်းသား Andrew ဟာ ဘုရင်မကြီးရဲ့ ချစ်လှစွာသော ဒုတိယမြောက်သားဖြစ်ပြီး ရုပ်ရှင်ရူပကာအားဖြင့်လည်း ချောမောလွန်းတဲ့သူဖြစ်တာကြောင့် တစ်ခေတ်တစ်ခါက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့သူတစ်ဦးပါ။
ထီးနန်းဆက်ခံဖို့အတွက်လည်း နဝမမြောက်နေရာမှာ ရာထားခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား Andrew ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် (ဆယ်စုနှစ် ၂ ခုကျော်အကြာ) က Virginia Giuffre ဆိုတဲ့ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးကို အလိုမတူဘဲ မတော်တရားပြုကျင့်ခဲ့သည့်အတွက် တရားရင်ဆိုင်ခဲ့ရပါတယ်။ အခုချိန်မှာတော့ တရားရုံးတော်က ဘုရင်မကြီးရဲ့ အမိန့်တော်နဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
မင်းသား Andrew ဟာ HRH (His Royal Highness) တော်ဝင်မင်းသားတစ်ယောက်ရဲ့ အဆောင်အယောင်တွေကို အသုံးပြုခွင့်မရတော့သလို တော်ဝင် ရေတပ်တော်မဟာရဲ့ ရာထူးအဆောင်အယောင်တွေကိုပါ စွန့်လွှတ်ရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် တော်ဝင်ပွဲ အခန်းအနားတွေကိုပါ တတ်ရောက်ခွင့် ရှိတော့မှာမဟုတ်ပါဘူး။ မကြာခင်ရောက်ရှိလာတာ့မည့် ဘုရင်မကြီး၏ နန်းတတ် ၇၀ ပြည့်နှစ်အခန်းအနားကိုလည်း တော်ဝန်မင်းသားတစ်ယောက်ကဲ့သို့ အဆောင်အယောင်များဝတ်ပြီး တတ်ရောက်ခွင့်ရှိတော့မည်မဟုတ်ဘဲ ရိုးရိုးအရပ်သားများကဲ့သို့သာတတ်ရောက်နေရာယူခွင့် ရရှိတော့မည်ဟု သိရပါတယ်။ မင်းသား Andrew ဟာ လက်ရှိအချိန်မှာ အသက် ၆၁ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။