အန္တာတိကတိုက်ရှိ ပင်လယ်ကြမ်းပြင်မှာ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ရေခဲငါး အသိုက်များ

//s9.kh1.co/41/41ce84a8609d391a81a0a9cd1b938f94d739f3d5.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဂျာမန်သိပ္ပံပညာရှင်အဖွဲ့က အန္တာတိကတိုက် ပင်လယ်ကြမ်းပြင်တစ်နေရာမှာ အကြီးမားဆုံး ရေခဲငါး (icefish) အသိုက်ပေါင်း သန်း (၆၀) လောက်ကို မတော်တဆတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီရေခဲငါးမျိုးတွေဟာ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ပရိုတိန်းပါတဲ့ RBCs သွေးနီဥတွေ ထူးခြားစွာမရှိတာကိုတွေ့ရပါတယ်။ အဆိုပါ အသိုက်များကို ပင်လယ်ရေအောက် မီတာ ၅၀၀ လောက်မှာတွေ့ရပြီး အသိုက်များက စက်ဝိုင်းပုံစံဖြစ်ပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

အဆိုပါ ငါးအသိုက်များစွာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက သုတေသန သင်္ဘော Polarstern မှ သင်္ဘောအောက် ကီလိုမီတာဝက်ခန့်ရှိ ပင်လယ်ကြမ်းပြင်ကို စူးစမ်းလေ့လာနေရင်း စတင်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကြမ်းပြင်တစ်လျှောက် အဆိုပါအသိုက်များဟာ ၂၄၀ စတုရန်းကီလိုမီတာ (၉၃ စတုရန်းမိုင်) ကျော် ကျယ်ဝန်းပြီး အသိုက်တစ်ခုမှာ ၃ စတုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

မနီးမဝေးမှာနေရာယူထားတဲ့ အသိုက်တစ်ခုစီမှာရှိတဲ့ ပျမ်းမျှဥပေါင်း ၁၇၃၅ လုံးလောက်ပါရှိပြီး ဥတစ်လုံးမှာ အချင်း ၁၅ စင်တီမီတာ (၆ လက်မ) အနက် ၇၅ စင်တီမီတာခန့်ရှိပါတယ်။ အသိုက်အများစုမှာ အရွယ်ရောက်ပြီးတဲ့ ငါးတစ်ကောင်က စောင့်ကြပ်နေကြသလို အချို့အသိုက်များမှာ ဥများသာရှိပြီး အချို့အသိုက်များကတော့ အသုံးမပြုတော့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN
Photo Credit - CNN

သတင်း အရင်းအမြစ် Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T