ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မနက်ပိုင်းက ကချင်ပြည်မယ် မြစ်ကြီးနားမြို့မှာ မိုးသီးများ အများအပြားကြွေကျခဲ့ပါတယ်။ အချိန်အခါမဟုတ်ဘဲ အခုလို မိုးသီးတွေ အများအပြား ကြွေကျခဲ့တာကြောင့်လည်း ဒေသခံတွေအနေနဲ့ အထူးအဆန်းဖြစ်နေကြပါတယ်။
မိုးသီးများဟာ နောင်နန်းတိုက်နယ်တကြောမှာပဲ ကြွေကျခဲ့တာကြောင့် မြစ်ကြီးနားမြို့ပေါ်မှာ နေထိုင်တဲ့သူတွေအဖို့ မိုးသီးကြွေတာကို သိတောင် မသိလိုက်ကြဘူးလို့ သိရပါတယ်။
မိုးသီးကြွေကျမှုဒဏ်ကြောင့် တချို့ သွပ်မိုးထားတဲ့အိမ်များရဲ့ ခေါင်မိုးတွေပေါက်သွားပြီး နေထိုင်သူများ ဒုက္ခဖြစ်နေကြတယ်လို့ လည်း သိရပါတယ်။ အခုလိုမိုးသီး အများအပြားကြွေကျခြင်းဟာ ဒီတစ်ခေါက် အများဆုံးဖြစ်တာကြောင့်လည်း ဒေသခံတွေအနေနဲ့ ထူးဆန်း အံ့သြနေကြပါတယ်။ အောက်မှာ မိုးသီးကြွေကျနေစဉ် ဒေသခံတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားပါတယ်။
ဒီလိုမျိုး မိုးသီးတွေ ပြင်းပြင်းထန်ထန်ကြွေကျနေတာမျိုး က ကြုံထောင့်ကြုံခဲ့ဖြစ်စဉ်တစ်ခုပါ။ မြစ်ကြီးနားမြို့မှာလည်း တစ်ရွာတည်း ကွက်ပြီးကြွေကျတာလို့ သိရပါတယ်။