စင်ကာပူ တရားရုံးက ဖုန်းနဲ့ ညစ်ညမ်းဗီဒီယို ခိုးရိုက်ခဲ့တဲ့ မြန်မာကျောင်းသားတစ်ဦးကို ထောင်ဒဏ် ရက်သတ္တပတ် (၁၃) ပတ်ချမှတ်

//s9.kh1.co/09/09c6065e761fdb79cfd7d7e93864d51b7b04ffaf.jpg
နေ့စဉ်သတင်းများ

 ၁၂-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

စင်ကာပူ တက္ကသိုလ်တစ်ခုက ယောက်ျားလေးအိမ်သာတွေမှာ ညစ်ညမ်းဗီဒီယိုချောင်းရိုက်ခဲတဲ့ မြန်မာ ဘွဲ့လွန်ကျောင်းသား တစ်ဦးကို ဇန်န၀ါရီလ (၁၁) ရက်နေ့က တရားရုံးကနေ ထောင်ဒဏ်ရက်သတ္တပတ် (၁၃) ပတ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ CNA သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် မြန်မာကျောင်းသားဟာ၂၀၁၉ ဩဂုတ်လ (၁၆) ရက် နေ့လည် (၂) နာရီက ကျောင်းအိမ်သာထဲမှာရှိနေစဉ် ဘေးကပ်ရပ်အိမ်သာခန်းမှာ ကျောင်းသားတစ်ဦး လိင်အာသာဖြေနေတာကို တွေ့ရှိခဲ့ပါတယ်။

Photo Credit - CNA
Photo Credit - CNA

အဲ့ဒီအချိန်မှာ မြန်မာကျောင်းသားက ဖုန်းထုတ်ပြီး နံရံအပေါ်ကနေ ဗီဒီယိုကလစ် နှစ်ခုနဲ့ ဓာတ်ပုံတစ်ပုံရိုက်ယူနေစဥ်မှာ လိင်အာသာဖြေနေတဲ့ ကျောင်းသားက သိရှိသွားခဲ့လို့ အိမ်သာထဲကအမြန်ထွက်ကာ ကျောင်းလုံခြုံရေးကို ဖုန်းဆက်ခေါ်ပြီး ရဲကိုတိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာ မြန်မာကျောင်းသားလည်း ကြောက်လန့်တကြား ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဗီဒီယိုတွေကို အိမ်သာထဲမှာ ဖျက်ခဲ့ပေမယ့် ရဲတွေရောက်လာတဲ့အခါ ဖုန်းထဲမှာ ယောကျာ်းလေးတွေရဲ့ ညစ်ညမ်းဗီဒီယို (၁၇) ခု ကို တွေ့ရှိခဲ့ပါတယ်။

Photo Credit - CNA
Photo Credit - CNA

ဒါ့အပြင် ၂၀၁၉ ခုနှစ် မေလ (၂၁) ရက်က ကျောင်းအဆောင်အခန်းတစ်ခုမှာ စုံတွဲတစ်တွဲ Sex လုပ်နေတာကိုလည်း ဗီဒီယိုအချို့ကို ခိုးရိုက်ယူထား ခဲ့တယ်လို့ဆိုပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ မြန်မာကျောင်းသားရဲ့ ဖုန်းထဲမှာတော့ ခိုးရိုက်ထားတဲ့ ညစ်ညမ်းဗီဒီယိုဟာ စုစုပေါင်း (၉၁) ကားထိ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းထားတဲ့ အဆိုပါအမှုကို ဇန်န၀ါရီလ (၁၁) ရက်နေ့က ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာကျောင်းဟာ သူ့ရဲ့ဘွဲ့လွန်ဘွဲ့အတွက် ပညာသင်ကြားခြင်းမှ ရပ်ဆိုင်းခံရပြီး ထောင်ဒဏ်ကျခံပြီးနောက်လည်း ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=350,q=100/7b/7b59940dd9426a85f6760594bcf8d1b19a23a388.jpg

သတင်း အရင်းအမြစ် Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T