ကနေဒါနိုင်ငံ Ontario 2010 ခုနှစ် နွေရာသီတုန်းက အိမ်ကနေ ထွက်ပြေးခဲ့တဲ့ ကြောင်လေးကို ပိုင်ရှင်အမျိုးသမီးဟာ 12 နှစ်အကြာတွင် အိမ်မွေးတိရစ္ဆာန် ဂေဟာတစ်ခုမှာ ပျောက်ဆုံးသွားတဲ့ ကြောင်တစ်ကောင်နှင့် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ Kitchener မှ Christine De Castro က နှစ်သစ်ကူးနေ့တွင် Vaughan Animal Services မှ ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီး သူမရဲ့ အိမ်မွေးတိရစ္ဆာန်များထဲမှ တစ်ကောင်က ဆိုင်မှာရောက်ရှိနေကြောင်းပြောပြခဲ့ပါတယ်။ သူမလည်း အိမ်မှာ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြောင်တစ်ကောင်နှင့် ခွေးနှစ်ကောင် အိမ်မှာရှိနေတာကြောင့် စိတ်ရှုပ်ထွေးသွားကြောင်း ပြောကြားခဲ့ပါတယ်။


2010 ခုနှစ် နွေရာသီတွင် Ontario, Richmond Hill, Ontario, Richmond Hill တွင်နေထိုင်စဉ် သူမရဲ့အိမ်မှ ထွက်ပြေးခဲ့တဲ့ ကြောင်လေး Loli ကိုသတိရမိသွားတဲ့အခါမှာတော့ တုန်လှုပ်ချောက်ချားသွားစေသည်ဟု De Castro မှ ပြောပြခဲ့ပါတယ်။ Vaughan Animal Services မှ သူမရဲ့ ကြောင်ေလး Loli ရဲ့ လည်ပတ်ကနေ De Castro ရဲ့ အဆက်အသွယ် အချက်အလက်ကို ဖော်ပြတဲ့ မိုက်ခရိုချစ်ပ်ကို စကင်န်ဖတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


ဒီကက်စထရိုက သူမဟာ ယခု ၁၄ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ကြောင်ကို ဇန်နဝါရီ ၃ ရက်က အိမ်သို့ ယူဆောင်လာကြောင်း ေြပာခဲ့ပါတယ်။ ခုချိန်မှာတော့ သူနဲ့ ၁၂ နှစ်တာကွဲကွားခဲ့တဲ့ ကြောင်လေးနဲ့အတူ ပြန်လည်ပေါင်းစည်းခဲ့ပြီဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာလည်း ကြောင်တစ်ကောင်ဟာ ၁၅ နှစ်ကြာကွဲကွာပြီးနောက် သူ့ပိုင်ရှင်နဲ့ ပြန်ဆုံတွေ့ခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ UPI