ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် နိုဘယ်ငြိမ်းချမ်းရေးကော်မတီရဲ့ တုံ့ပြန်ချက်

//s9.kh1.co/ef/ef76884fb76d7c4ab1cd107cd7db1418bbb43e51.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော် အထူးတရားရုံးမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ AFP သတင်းဌာနက နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီရဲ့ ဥက္ကဌကို မေးမြန်းခဲ့ပါတယ်။ သူမက "ခုလို စွပ်စွဲချက်တွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးပဲ စိတ်ပူမိတယ်" လို့ ဖြေကြားခဲ့ပါတယ်။

Image : Times of India
Image : Times of India

နေအိမ်ခြံဝန်းထဲ စကားပြောစက်တွေ့ရှိခဲ့တာကြောင့် ပို့ကုန် သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေများနဲ့ စွဲချက်တင်ပြီး ၄ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အရင်တစ်ခါကလည်း ဆက်သွယ်ရေး၊ သဘာဝဘေး ဥပဒေများနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး အဲဒီနေ့မှာပဲ ၂ နှစ် လျှော့ပေးခဲ့ပါတယ်။ ခုဆို စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံရမှာပါ။

©Google
©Google

ထောင်ဒဏ် နှစ်ပေါင်း ၁၀၀ အထိ ချနိုင်တဲ့ စွဲချက် ၇ ခုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်ဆိုင်နေရပါတယ်။ ဒါတွေအားလုံးဟာ သူမကို နိုင်ငံရေးထဲ ဝင်မပါနိုင်အောင် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T