မြို့တော်ဘေဂျင်းအနီး အိုမီခရွန် ကူးစက်လူနာ ၂ ယောက်တွေ့လို့ ပျာယာခတ်နေတဲ့ တရုတ်ပြည်

//s9.kh1.co/03/03086bba4c136f5a331725a1fda257b113307d60.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

.

တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုဗစ်လူနာအသစ် ၂၀ တွေ့ရှိခဲ့ပြီး ၂ ဦးမှာ အိုမီခရွန် ဖြစ်နေခဲ့ပါတယ်။ အိုမီခရွန်ဟာ အရမ်းကူးစက်မြန်တာမို့ တရုတ်အာဏာပိုင်တွေဟာ အလွန်ပဲ ထိတ်လန့်သွားကြပါတယ်။

Photo : REUTERS
Photo : REUTERS

ဒါနဲ့ ၄၈ နာရီအတွင်း တစ်မြို့လုံးမှာရှိတဲ့ လူပေါင်း ၁၄ သန်းကို လူတိုင်း မစစ် မနေရ အနေနဲ့ ကိုဗစ်ရှိမရှိ စစ်ခိုင်းလိုက်ပါတယ်။ မစစ်ရသေးတဲ့လူဟာ အပြင်ထွက်ခွင့်မရှိပါ။ စစ်ပြီးလို့ မရှိဘူးလို့ အဖြေထွက်မှ ခရီးသွားလာခွင့် (health pass) ပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် ထျန်းကျန်းမြို့နေရာတိုင်းမှာ ကိုဗစ်စစ်ဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို မြင်နေရပါတယ်။

Photo : REUTERS
Photo : REUTERS

နောက်လမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်အမီ ကိုဗစ် ပပျောက်ဖို့ zero - Covid ပေါ်လစီကို ပြင်းပြင်းထန်ထန် ကျင့်သုံးနေတဲ့ တရုတ်ပြည်ဖြစ်ပါတယ်။

Ref : BBC News

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

Copyright Mediaload