Sussex Police မှ ဗီဒီယိုဖိုင်အရ 2013 ခုနှစ်တုန်းက အိမ်ရှေ့ပန်းခြံမှာ ခိုးယူခြင်းခံခဲ့ရတဲ့ Cassie ဆိုတဲ့ ခွေးမလေးဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူမရဲ့ပိုင်ရှင်များကို ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ကော့ကာစပိန်ရယ်ဟာ တစ်ယောက်တည်းမဟုတ်ပဲ Cassie လို့ ယူဆရတဲ့ ခွေးလေး ၃ ကောင်နှင့်အတူ လိုက်ပါခဲ့တာဖြစ်ပါတယ်။ Cassie ရဲ့ မိသားစုက သူမဟာ သူတို့မှတ်မိတဲ့ ခွေးတစ်ကောင်နဲ့ မတူဘူးလို့ ထင်ထားခဲ့ကြပေမယ့် အခုတော့ Cassie ဟာ သူ့မရဲ့မှန်ကန်တဲ့အိမ်မှာ ရှင်သန်နေပြီဖြစ်ပါတယ်။

သူမရဲ့ မိသားစုက "ကျွန်မတို့ Cassie နဲ့ ကွဲကွာပြီး ရှစ်နှစ်ကြာမှ အိမ်ပြန်ရောက်တာကို ကျေးဇူးတင်မိပါတယ်။ Cassie ဟာ အလွန်ကောင်းမွန်စွာ အခြေချနေထိုင်ပြီး သူမရဲ့ နေ့စဉ် လမ်းလျှောက်ခြင်းကို နှစ်သက်ပါတယ်။ ခွေးလေး ၃ ကောင်ကတော့ သူတို့အားလုံး အိမ်ကောင်းကောင်းကို သွားကြပြီး သူတို့ရဲ့ မိသားစုနဲ့ ဘဝသစ်ကို သဘောကျကြပါတယ်" လို့ပြောပြခဲ့ပါတယ်။

RSPCA ရဲ့အကူအညီဖြင့် အရာရှိများဟာ Cassie ကို ဘေးကင်းလုံခြုံပြီး နိုဝင်ဘာလတွင် စီးနင်းမှုများဆက်တိုက်ပြုလုပ်ပြီးနောက် ကောင်းမွန်စွာတွေ့ရှိခဲ့ပါတယ်။ ခွေးတွေဖမ်းထားတဲ့နေရာေတွကို လူထုအဖွဲ့ဝင်တစ်ဦးထံမှ ပြောကြားချက်ကြောင့် သိရှိခဲ့ရပြီး ခုလို ၀င်ရောက်စီးနင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။

Cassie ရဲ့မိသားစုဟာ သူမရဲ့ပြန်လာခြင်းကို "တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်" အဖြစ်ဖော်ပြခဲ့ပါတယ်။ မိသားစုဟာ ခွေးများပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရတဲ့ အခြားသူများကို မျှော်လင့်ချက်ထားဖို့အကြောင်း ပြောပြခဲ့ပါသေးတယ်။ ဒီခွေးလေးကလည်း မိသားစုနဲ့ ၈ နှစ်တောင်ကွဲသွားပြီး ပြန်လည်ဆုံစည်းခဲ့ရတာဟာ ၀မ်းသားစရာပါပဲ။
သတင်း အရင်းအမြစ်៖ Sky News