ဇန်နဝါရီ ၉ ရက်နေ့ဟာ အင်္ဂလန်နိုင်ငံရဲ့ အနာဂတ် မိဖုရားကြီး ဖြစ်လာမယ့် Kate Middleton ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကျက်သရေရှိတဲ့အလှနဲ့ နုပျိုတင့်တယ်နေတဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးခဲ့သူက ဓာတ်ပုံဆရာ Paolo Roversi ဖြစ်ပါတယ်။

Kate ဟာ အင်္ဂလန်ရဲ့ ဖက်ရှင်အိုင်ကွန် တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုနဲ့ လူထုအတွက် ကြိုးပမ်းမှုတွေကြောင့် အများချစ်ခင်ခံရသူလည်း ဖြစ်ပါတယ်။ သူမဟာ Prince William ( ဝိတိုရိယ ဘုရင်မကြီး ပြီးရင် ဆက်ခံမည့် ကိန်းဘရစ်ချ် မြို့စား) နဲ့ လက်မဆက်ခင် အနုပညာကို သင်ယူလေ့လာခဲ့ပြီး ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခဲ့ပါတယ်။

လက်ဆက်ပြီး တော်ဝင်မင်းသမီးတစ်ပါး ဖြစ်လာတဲ့အခါ ပရဟိတလုပ်ငန်းများ ပိုလို့ လုပ်ကိုင်ခဲ့ပြီး အထူးသဖြင့် ကလေးငယ်များ၊ မူးယစ်ဆေးစွဲသူများနဲ့ အနုပညာအတွက် ကူညီထောက်ပံ့ရေးများ ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာ သားတော် သမီးတော် ၃ ပါး ရရှိထားပြီ ဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့မှာ ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်စေချင်လို့ မိသားစုနဲ့ပဲ ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်ကတော့ Kate ဦးဆောင်ကျင်းပခဲ့တဲ့ ဂီတပွဲဟာ အလွန်အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ သူမကိုယ်တိုင် စန္ဒရားတီးပြီး ကပ်ရောဂါကို တွန်းလှန်ပေးနေတဲ့ သူရဲကောင်းအားလုံးကို ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။

အသက် ၄၀ မှသည် မိဖုရားကြီး ဖြစ်တဲ့အချိန်ထိ ကျန်းကျန်းမာမာ နေနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
Photos : Google