သရုပ်ဆောင် ၊ အဆိုတော် စန္ဒီမြင့်လွင် ကတော့ အနုပညာလောက တွင် အောင်မြင်မှု မှတ်တိုင်စိုက်ထူ ထားနိုင်သူတစ်ယောက် ဖြစ်ပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ကိုပါ ဖန်တီးတည်ဆောက် ထားနိုင်သူလည်း ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေကြောင့်လည်း ဒီးဒီတစ်ယောက် ကြည်နူးနေရသလို ချစ်ဖို့ကောင်းတဲ့ သမီးလေး ထရက်ရှာလေးကလည်း အရွယ်နဲ့မလိုက်အောင်ကို သွက်လက်နေတာကြောင့် ဝမ်းသာ ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။


အခုလတ်တလောမှာ မိသားစုကို အချိန်ပေးဖြစ်နေတဲ့ ဒီးဒီက ထရက်ရှာလေးရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က စန္ဒီမြင့်လွင်ရဲ့Facebook Page တွင် ဗီဒီယိုလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းတက်ပြီး ပြန်လာတဲ့ ချစ်သမီးလေးကို ပုခုံးပေါ်ချီတင်ပြီး မေးခွန်းလေးတွေ မေးနေတဲ့ စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။



"ကျောင်းမတက်တာ ၂နှစ်အကြာ? စာရင်းသွင်းထားတာကျန်နေလို့လာတက်ပါဆိုလို့ သွားတက် တဲ့ထရက်ရှာပါးပါးကချီပီးပို့ရအမှတ်တစ်ရလေး သိမ်းထားမို့ကြီးလာရင်ပြန်ပြရမယ်???" ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် ချစ်ဖို့ကောင်းလွန်းတဲ့ ထရက်ရှာလေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက် ပါတယ်။

Source : Sandy Myint Lwin's Facebook Acc