အိုင်ဒါဟို၊ အီလီနွိုက် နှင့် တက္ကဆက်တို့မှာ လင်းနို့များနဲ့ တိုက်ရိုက်ထိတွေ့မိပြီးနောက် သေဆုံးသူ (၃)ဦးထိရှိလာ

//s9.kh1.co/f6/f61562456418ced0d847c74d8ffb60a2e7aa69d9.jpg
နေ့စဉ်သတင်းများ

 ၀၇-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများဟာ ယမန်နှစ်က ကလေး(၁)ဦးအပါအဝင် လူ(၅)ဦးသေဆုံးခဲ့ပြီးနောက် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု တိုးလာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါတယ်။ အိုင်ဒါဟို၊ အီလီနွိုက်နှင့် တက္ကဆက်မြို့များမှာတော့ စက်တင်ဘာလနှောင်းပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအတွင်း လူတစ်ဦးစီက ခွေးရူးပြန်ရောဂါရှိတဲ့ လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့မိပြီးနောက် သေဆုံးမှုများ ရှိလာခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - USA today
Photo Credit - USA today

လူတစ်ဦးဟာ လင်းနို့နှင့် တိုက်ရိုက်ထိတွေ့မိပါက အထူးပြုစုစောင့်ရှောက်ပေးရမှာဖြစ်လို့ ကျန်းမာရေးအန္တရာယ် အမှန်တကယ် ဖြစ်စေတာကြောင်း သတိပေးချက်တစ်ခုအနေနဲ့လည်း ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ခွေးရူးပြန်ရောဂါဖြစ် သေဆုံးသူ (၃)ဦးထက်မနည်းရှိလာခဲ့ပြီး ၎င်းတို့ဟာ ဆေးကုသမှုကို ကောင်းစွာ မခံယူခဲ့တဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ခွေးရူးပြန်ရောဂါရှိတဲ့ လင်းနို့များကို လက်ဗလာဖြင့် ကောက်ယူ ထိတွေ့မှုဟာ ခွေးရူးပြန်ရောဂါကူးစက်နိုင်မှု ၇၀% ရှိကြောင်း CDC က ပြောကြားခဲ့ပါတယ်။

Photo Credit - USA today
Photo Credit - USA today

အဆိုပါ ဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြမီ ဦးနှောက်အတွင်းသို့ တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာများဟာ သာမန်တုပ်ကွေးနဲ့ဆင်တူပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ အဖျားတက်ခြင်း (သို့မဟုတ်) ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေသလို အကိုက်ခံရသည့်နေရာများမှာလည်း မသက်မသာဖြစ်ခြင်း၊ နီမြန်းခြင်း သို့မဟုတ် ယားယံခြင်းတို့လည်း ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်လာမယ့် ရောဂါလက္ခဏာများကတော့ စိုးရိမ်ပူပန်မှု၊ ရှုပ်ထွေးမှုများ၊ တုန်လှုပ်ချောက်ချားမှု၊ မေ့လျော့မှု၊ အမြင်မှားမှုအပြင် အိပ်မပျော်ခြင်းအထိပါ တိုးလာနိုင်တယ်လို့လည်း သိရပါတယ်။ ဒီလို ရောဂါလက္ခဏာများ ပေါ်လာပြီးဆိုရင်တော့ အများဆုံး သေဆုံးနိုင်တယ်လို့ CDC က ဆိုပါတယ်။ အကယ်၍ သင်လည်း လင်းနို့နှင့် ထိတွေ့မိပါက ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်ချေ များတာကြောင့် ကိုက်ခံထားတဲ့ နေရာကို ဆပ်ပြာ နှင့် ရေဖြင့် ချက်ချင်း ဆေးပြီး အမြန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လို့အပ်တယ်လို့ ဆိုပါတယ်။

Photo Credit - USA today
Photo Credit - USA today

သတင်း အရင်းအမြစ် Source - USA today

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T