ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organisation) ရဲ့ အစိုးရဖြစ်တဲ့ KIC (Kachin Independence Council) မှ ဒုက္ကဌ ၁ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော်ဟာ ဒီနေ့ ၅.၁.၂၂ မှာ အသက် ၆၀ တင်းတင်း ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်အဖြစ် လူသိများပြီး ငယ်စဥ်ကတည်းက ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတာ၊ ပညာတတ်တာ၊ အနုပညာကို တန်ဖိုးထားတတ်တာတွေကြောင့် ကချင်သာမက ဗမာလူမျိုးများရဲ့ ချစ်ခင်မှုကို ရရှိထားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်ရဲ့ facebook မှာ သူ့ရဲ့မွေးနေ့ကိတ်မုန့်လေးနဲ့ မွေးနေ့အမှတ်တရစာလေးကို ခုလို တင်ထားခဲ့ရာမှာ သူ့ကိုချစ်တဲ့ ပြည်သူလူထုက မွေးနေ့ဆုတောင်း အများအပြား ရေးခဲ့ကြပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ဟာ ၂၀၁၃ ခုနှစ်က မြစ်ကြီးနားမှာ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို တက်ရောက်ခဲ့ပြီး ကချင်လူထုရဲ့ ထောက်ခံမှုကို တခဲနက် ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

အသက် ၆၀ ပြည့်မွေးနေ့မှစ မပြတ်သော ကောင်းခြင်းများ ကျရောက်ပြီး ပြည်သူလူထု အကျိုးကို ဆထက် ထမ်းပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းရင်း အလေးပြုလိုက်ပါတယ်။





