တခြား ဂိမ်းရုပ်ရှင်တွေနဲ့မတူတဲ့ ဂိမ်းရုပ်ရှင်

//s9.kh1.co/9b/9ba7ddaf896b3c3e5cd4e4474e31d0a21ed1fec2.jpg
ဖျော်ဖြေရေးများ

 ၀၅-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဂိမ်းတိုင်းဂိမ်းတိုင်းမှာ NPC တွေပါဝင်ပါတယ် NPC ရဲ့ အရှည်ကောက်က Non-player character ဖြစ်ပြီး ကစားသူမဟုတ်တဲ့ ဂိမ်းဇာတ်ကောင်များလို့ အဓိပ္ပါယ်ရပါတယ် Open World ဂိမ်းတွေထဲမှာ မြင်နေကျ မြို့ထဲမှာ လျှောက်သွားနေတဲ့ ကာရိုက်တာတွေကိုပြောတာပါ များသောအားဖြင့် NPC တွေဟာ ကစားသမားတွေ အနိုင်ကျင့်တာကို ခံရလေ့ရှိပါတယ် ဂိမ်းတော်တော်များများမှာ ကစားသူဟာ NPC တွေကိုသတ်ပြီး ပိုက်ဆံတွေ Item တွေရှာရတာဖြစ်ပါတယ် အဲ့လိုဆိုတော့ NPC တွေရဲ့ဘဝက သနားစရာလေးပေါ့ 

GTA SA ဂိမ်းမှ NPC များ NPC ဆိုတာဂိမ်းထဲက ကစားသူလည်းမဟုတ် ဇာတ်ဆောင်လည်းမဟုတ်တဲ့ ဂိမ်းဇာတ်ကောင်တွေပါ (credit:GTA Wiki)
GTA SA ဂိမ်းမှ NPC များ NPC ဆိုတာဂိမ်းထဲက ကစားသူလည်းမဟုတ် ဇာတ်ဆောင်လည်းမဟုတ်တဲ့ ဂိမ်းဇာတ်ကောင်တွေပါ (credit:GTA Wiki)

2021 ဩဂုတ်လက ထွက်ရှိခဲ့တဲ့ နာမည်ကြီးရုပ်ရှင် Free Guy ကိုအားလုံးနီးပါး ကြားဖူးကြမှာပါ ဂိမ်းအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ် ဒါပေမဲ့ ဒီရုပ်ရှင်နဲ့ထူးခြားချက်က အဓိကဇာတ်ဆောင်ဟာ ဂိမ်းထဲကဇာတ်လိုက်အကြောင်း ဂိမ်းကစားသူအကြောင်းမဟုတ်ပဲ အပေါ်မှာပြောပြခဲ့တဲ့ NPC တစ်ယောက်ရဲ့အကြောင်းပါ 

Free Guy Official Poster
Free Guy Official Poster

Guy ဟာ Free City ဆိုတဲ့ Multiplayer Online role-playing game ကြီးထဲက ဘဏ်မှာအလုပ်လုပ်တဲ့ NPC တစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းက‌ ဘဏ်‌လုံခြုံရေး Buddy ပါ Guy ဟာနေ့တိုင်း ဘဏ်မှာအလုပ်လုပ်ရင်း ဂိမ်းကစားသူတွေက ဘဏ်ကိုဓားပြလာတိုက်ရင် ကြမ်းပြင်‌မှာမှောက်နေရပါတယ် NPC တွေအနိုင်ကျင့်ခံရတာပေါ့ သူဟာ ဂိမ်းတစ်ခုထဲက ဇာတ်ကောင်ဆိုတာကို Guy လုံးဝမသိပါဘူး

Guy and Buddy (credit:IMDb)
Guy and Buddy (credit:IMDb)

တစ်နေ့မှာတော့ ကစားသမားတစ်ဦးဖြစ်သူ Molotov Girl ဆိုတဲ့ကောင်မလေးကိုတွေ့ပြီးနောက် Guy ရဲ့အပြုအမူတွေဟာ ထူးခြားလာပါတော့တယ် NPC တစ်ယောက်နဲ့မတူတော့ပဲ ဂိမ်းကစားသူတစ်ယောက်ပုံစံလိုမျိုး ဖြစ်လာတာပါ Molotov Girl အဖြစ်ကစားသူဟာ Millie Rusk ဆိုတဲ့ကောင်မလေးဖြစ်ပြီး သူမကလည်း ဂိမ်းဒီဇိုင်းဆွဲသူတစ်ဦးပါပဲ Free City ဂိမ်းထဲမှာ သူမရဲ့ဂိမ်းကုဒ်ကို ခိုးထားတယ်ဆိုပြီးတော့ Free City ရဲ့ထုတ်လုပ်သူ Antwan Hovachelik ကိုတရားစွဲဆိုထားသူပါ

Molotov Girl (credit:Twitter)
Molotov Girl (credit:Twitter)

သူမရဲ့ဂိမ်းကုဒ်ကို သူငယ်ချင်း Keys ရဲ့ အကူအညီနဲ့ Free City ထဲမှာ ရှာတွေ့နိုင်ဖို့ကြိုးစားနေသူပါ Keys က Antwan ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေသူဖြစ်ပါတယ် Guy ဟာ Molotov Girl နဲ့ရင်းနှီးပြီးနောက် NPC လိုမဟုတ်တော့ပဲ ဂိမ်းအဆင့်တွေအများကြီးနိုင်အောင်ဆော့ပြီး ဂိမ်းကစားသူတွေကြားမှာ Blue Shirt Guy ဆိုပြီး နာမည်ကြီးလာပါတယ် အားလုံးကသူ့ကို NPC လို့မထင်ပဲ Hacker တစ်ယောက်လို့ ထင်နေကြတာပါ Keys နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Mouser တို့က Guy ကို Hacker ထင်ပြီး ဂိမ်းထဲမှာ လာနှိမ်နင်းပါသေးတယ်

scene from Free Guy
scene from Free Guy

Antwan က Free City ကိုဖျက်ပစ်ပြီး Free City 2 ကိုထုတ်မယ်လို့ အတည်ပြုလိုက်ချိန်မှာတော့ Free City ဂိမ်းကြီးမပျက်သွားခင် Millie ရယ် Guy ရယ် Antwan Hovachelik ဆီမှာအလုပ်လုပ်နေတဲ့ Keys တို့ပူးပေါင်းပြီး ဂိမ်းကုဒ်ကိုရှာဖွေကြတာတွေ တခြား Mission တွေထဲမှာ အက်ရှင်အများကြီးတွေ ဂိမ်းထဲက NPC တွေအားလုံးနီးပါး အသက်ဝင်လာကြပုံတွေ ဘာလို့အသက်ဝင်လာကြလဲဆိုတာတွေကို ပျော်ရွင်စရာ ဟာသတွေအများကြီးနဲ့ ကြည့်ရှူရမဲ့ ဟာသအက်ရှင်ဇာတ်ကားဖြစ်ပါတယ် 

scene from Free Guy (credit:Sportern)
scene from Free Guy (credit:Sportern)

Guy အဖြစ် Ryan Reynolds, Millie Rusk အဖြစ် Jodie Comer,Keys အဖြစ် Joe Kerry တို့က အသီးသီးသရုပ်ဆောင်ထားကြတဲ့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်အများအပြားလည်း ဧည့်သည်သရုပ်ဆောင်တွေ အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ် 2021 ခုနှစ်ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲကတစ်ခုလို့ သတ်မှတ်ခံထားရပြီး တခြားဂိမ်းဇာတ်ကားတွေဖြစ်တဲ့ Ready Player One,The Trueman Show,The Matrix တို့အပြင် Grand Theft Auto, Fornite အစရှိတဲ့ဂိမ်းတွေနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးခံထားရတဲ့ ရုပ်ရှင်ကားပါ

Free Guy Trailer

ဇာတ်ကားတောက်လျှောက် တကယ့်ဂိမ်းတစ်ခုကိုကြည့်နေရသလို အက်ရှင်တွေ Visual Effect တွေကို အများကြီးကြည့်ရှူခံစားရမှာပါ ဂိမ်းကစားသူတွေရော မကစားသူတွေပါ အကြိုက်တွေ့နိုင်စေမဲ့ အက်ရှင်ဟာသဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T