လူရွှင်တော်စိစိဟာဆိုရင် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဆင်းရဲချို့တဲ့တဲ့ အမေကြည်အတွက် နေထိုင်စရာ အိမ်ကလေးတစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ အမေကြည်ဟာ ပြည်မြို့မှာနေထိုင်တဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီဖြစ်သလို သားသမီးလည်း မရှိတော့တာကြောင့် နေစရာအတည်တကျလေးဖြစ်အောင် လူရွှင်တော် စိစိမှ အခုလို ဆောက်လုပ် လှူဒါန်းပေးရတာဖြစ်တယ်လို့ သိရပါတယ်။



လူရွှင်တော် စိစိဟာ အမေကြည်အတွက် အိမ်လေးကို ငွေကျပ် ၃ သိန်း ရှစ်သောင်းကျပ်တိတိ အကုန်အကျခံကာ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ တန်ဖိုးသင့်အိမ်လေးဖြစ်တာကြောင့် အရမ်းအများကြီး မကောင်းပေမယ့် သပ်သပ်ရပ်ရပ်လေးရှိပြီး နေချင်စရာလေးဖြစ်ပါတယ်။ အမေကြည်အတွက်လည်း မိုးလုံနေလုံ စိတ်ချမ်းချမ်းသာသာနေထိုင်လို့ ရမှာဖြစ်ပါတယ်။

လူရွှင်တော်စိစိရဲ့ အလှူလေးအတွက်လည်း သာဓုခေါ်မိပါတယ်။လူရွှင်တော်စိစိဟာ လက်ရှိမှာ ပြည်မြို့ကိုရောက်ရှိနေပြီး ပြည်မြို့မှာရှိတဲ့ လိုအပ်နေသူတွေကို ကူညီပေးနေတာပဲဖြစ်ပါတယ်။