အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အကြမ်းအရမ်း လှုပ်ခါနေတဲ့ထိုင်ဝမ်နိုင်ငံရှိ အဆောက်အဦများဗီဒီယိုဖိုင်

//s9.kh1.co/be/be02b44d663727c945369a7559ff8876a7d3c58a.jpg
နေ့စဉ်သတင်းများ

 ០៥-មករា-២០២២ ៩ព្រឹក · ៥ ឆ្នាំមុន

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အကြမ်းအရမ်း လှုပ်ခါနေတဲ့ထိုင်ဝမ်နိုင်ငံရှိ အဆောက်အဦများဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ၊ တနင်္လာနေ့တုန်းက ၆.၂ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ထိုင်ဝမ်ကျွန်း ဟွာလီယန်မြို့အရှေ့ပိုင်း ဖိလစ်ပိုင်ပင်လယ်ပြင်အောက်မှာ လှုပ်ရှားခဲ့ပါတယ်။  ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ နိုင်ငံတွေက ဂျပန် ၊ ဖိလစ်ပိုင် ၊ ထိုင်ဝမ် နှင့် တရုတ် နိုင်ငံတို့ ဖြစ်ကြပြီး ထိုင်ဝမ်နိုင်ငံက သိသိသာသာ ပိုပြီး ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Taiwan's Earthquake 2022
Taiwan's Earthquake 2022

ငလျင်လှုပ်ခတ်တဲ့အချိန်က ညနေ ၅နာရီ ၄၆ မိနစ်လောက်က ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိုင်ဝမ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဟွာလီယန်ကျွန်းပေါ်က အဆောက်အဦးကြီးတွေ ခါရမ်းပြီးလှုပ်ခါနေတဲ့ ဗီဒီယိုဖိုင်တွေကလည်း လူမှုကွန်ရက်စာမျက်နှာမှာ လူပြောများနေခဲ့ကြပါတယ်။

ဒီဗီဒီယိုတွေထဲမှာဆိုရင် မျက်နှာကျက်ပေါ်က မီးပန်းမီးဆိုင်းကြီးတွေက သံစဉ်တီးဝိုင်းကြီးအလား လှုပ်ရမ်းနေတာကို အားလုံးပဲတွေ့ကြမှာဖြစ်ပါတယ်။ ပြင်းထန်စွာ လှုပ်ရမ်းနေတာကို အထိအခိုက်နည်းနည်းမှမရှိဘဲ ပုံမပျက်ရှိနေခဲ့တဲ့အတွက်လည်း လူအများက အဆောက်အဦးတွေရဲ့ ခိုင်ခံ့မှုကို ချီးကျူးနေကြပါတယ်။ ထိုင်ဝမ်နိုင်ငံမှာ အင်အားပြင်းငလျင်တွေ မကြာခဏ လှုပ်လေ့ရှိပြီး ဒီတစ်ခေါက် လှုပ်ခတ်မှုကတော့ ၂၀၂၂ ခုနှစ် အတွက် ပထမဦးဆုံး ငလျင်လှုပ်ခတ်ခြင်းဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T