ရဟန်းရှင်လူ ပြည်သူ အကုန်လုံးက လေးစားကြည်ညိုရတဲ့ နိုင်ငံတော် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ရဲ့ အစ်မအရင်းဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ ဟာ ဆိုရင် သက်တော်အားဖြင့် (၉၄) နှစ်ရှိနေပြီဖြစ်ပါတယ်။

သံဃာတော်တွေအားလုံးကို လိုလေသေးမရှိအောင် ဂရုစိုက်တတ်တဲ့ ဒေါ်ကဉ္စနာ ကို သံဃာတော်တွေအားလုံးက လေးစားကြည်ညိုကြပြီး အရီး လို့ ခေါ်ဆိုကြပါတယ်။ သိပ်မကြာခင်က ဆရာတော်တစ်ပါးက အရီးကို တွေ့တဲ့အခါ အရီးက မောင်တော် ဖြစ်တဲ့ ပါမောက္ခချုပ်ဆရာတော် အား ကျန်းမာရေးကောင်းမကောင်းစိတ်ပူနေရကြောင်း ၊ ဖုန်းဆက်ဖို့ အကူအညီတောင်းလာကြောင်း ပြန်လည်ဝေမျှထားခဲ့ပါတယ်။

အရီးဟာ သက်တော် (၉၄)နှစ် ရှိနေပြီဆိုပေမယ့် မောင်တော်ဖြစ်တဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးအတွက်သာစိတ်ပူနေတာဖြစ်ပြီး ဖုန်းအဆက်အသွယ်ရရှိသွားတဲ့အခါမှာတော့ အလွန်ပဲ ပျော်ရွှင်နေခဲ့တယ်လို့ ဆိုပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း ဆရာတော်ကြီးတို့မောင်နှမနှစ်ဦးကြားက နွေးထွေးလွန်းတဲ့ ချစ်ခြင်းမေတ္တာကို ခံစားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။








