Snow Drop ဇာတ်လမ်းတွဲကို ဘာလို့ အချို့သောကိုးရီးယားတွေက ကန့်ကွက်နေကြတာလဲ?

//s9.kh1.co/e3/e3ef8b9ba7dae0eadfeaaa1c4d43aa3f83c7a6d0.jpg
ဖျော်ဖြေရေးများ

 ၂၂-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

လတ်တလောမှာ နာမည်ကြီးနေခဲ့တဲ့ Snow Drop ဇာတ်လမ်းတွဲဟာ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လတ်တလော ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ SnowDrop drama ဟာ မထုတ်လွှင့်ခင်တည်းကပင် အိမ်ပြာတော်မှ ခွင့်ပြုချက်ပေါင်းများစွာတောင်းခံရရှိပြီးကာမှ ထုတ်လွှင့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် တောင်ကိုးရီးယားပြည်သူအချို့က ထို ဇာတ်လမ်းတွဲ စတင်ပြသစဥ်မှာပဲ ဖျက်သိမ်းဖို့ တောင်းဆိုလာကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့မှာတော့ ဘာကြောင့်ဖျက်သိမ်းခွင့်တောင်းဆိုလာကြသလဲဆိုတာကို ပြောပြပေးသွားမှာပါ။ ဒီဇာတ်ကားဟာ (၁၉၈၀) ခုနှစ်နှောင်းပိုင်း တောင်ကိုရီးယားမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကိုကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ (၁၉၈၀) ခုနှစ် တောင်ကိုရီးယားဟာ ယခုမြန်မာနိုင်ငံလို အခြေအနေဖြစ်ပြီးတော့ သူတို့ရဲ့ စစ်ခေါင်းဆောင် ချွဲဒူးဟွမ်း ဟာ သူ့ကိုဆန့်ကျင်ဆန္ဒပြတဲ့ ရာနဲ့ချီတဲ့ကျောင်းသားတွေကိုစွပ်စွဲသတ်ဖြတ်ဖို့အတွက် မြောက်ကိုရီးယားက ကျောင်းသားအရွယ် စပိုင်တွေကိုခေါ်သွင်းခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးယားစပိုင်တွေကို ဒီမိုကရေစီတောင်းဆိုကြတဲ့ကျောင်းသားတွေနဲ့ရောနှောစေပြီး အားလုံးဟာ စပိုင်တွေလို့စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့ဒီအာဏာသိမ်းစစ်ခေါင်းဆောင်ဟာ (၂၀၂၁) ခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့မှာကွယ်လွန်သွားပြီဆိုပေမယ့် သူ့ရဲ့နောက်လိုက်လူ တစ်သိုက်ဟာလည်း အခုထိ သူသတ်ပစ်ခဲ့တဲ့ အပြစ်မဲ့တဲ့ရာပေါင်းများစွာသောကျောင်းသားတွေဟာ စပိုင်လို့တစ်ထစ်ချယူဆထားတုန်းပဲဖြစ်ပါတယ်။ အခု Snow Drop ရဲ့ အဓိကဇာတ်လမ်းကလဲ ဒဏ်ရာတွေနဲ့ရောက်လာခဲ့တဲ့ ဆန္ဒပြကျောင်းသားတစ်ယောက်ကို ကျောင်းသူလေးကကယ်တင်ပေးထားရာကနေ စတင်ခဲ့တဲ့ဇာတ်လမ်းဖြစ်တဲ့အတွက် တောင်ကိုးရီးယားပြည်သူအချို့က ကန့်ကွက်လာကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီဇာတ်ကားမှာ မင်းသမီး ဟာ မင်းသား ကိုဆန္ဒပြကျောင်းသားလို့ထင်ပေမယ့် တကယ်တမ်းကျ မြောက်ကိုရီးယားကလူဖြစ်နေခဲ့တာမို့ပါ။ နောက်ပြီး အဓိကမင်းသားက စပိုင်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်သာမက ကိုရီးယားတွေဟာ သူတို့နိုင်ငံရဲ့ဒီမိုကရေစီကို ဘယ်လိုခက်ခက်ခဲခဲရယူခဲ့ရလဲဆိုတာရယ်၊ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေရယ်ဟာ ဒီဇာတ်ကားထဲမှာ မှေးမှိန်သွားပြီး နိုင်ငံတကာကလူတွေအထင်မှားကုန်ကြမှာစိုးလို့ဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ အဖိုးတန်ကျောင်းသားတွေရဲ့ အသက်အိုးအိမ်တွေနဲ့ သူတို့ရဲ့ဒီမိုကရေစီရရှိရေးကြိုးပမ်းချက်တွေကို မထင်မရှားသိပ်အရေးမကြီးတဲ့ ပုံစံနဲ့ရိုက်ပြလိုက်မှာကိုစိုးရိမ်ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီအဖြစ်အပျက်ဟာ ကိုရီးယားနိုင်ငံမှာ ၁၉၈၀ ခုနှစ်(လွန်ခဲ့တဲ့နှစ်ပေါင်း၃၀) မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေကိုယ်တိုင်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့မိဘတွေဆွေမျိုးတွေဟာအခုထိသက်ရှိထင်ရှားရှိနေသေးတာဖြစ်တဲ့အတွက် သူတို့အတွက်တော့ ဒီအဖြစ်အပျက်ကြီးဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ပြန်မစဉ်းစားချင်တော့တဲ့ အကြောင်းအရာတစ်ခုလိုဖြစ်နေပါတယ်။ တောင်ကိုးရီးယားပြည်သူတွေဟာသူတို့ကိုအားနာသောအားဖြင့်လဲဒီဇာတ်ကားကိုရပ်ပေးဖို့တောင်းဆိုကြတာပါ။ ဇာတ်လမ်းရဲ့ plot ကိုဘယ်လိုပြောင်းပြီး ဘယ်လိုဆက်ရိုက်သွားမလဲတော့ အခုမှ (၂) ပိုင်းပဲထွက်သေးတဲ့အတွက် အားလုံးက သေချာလေးစောင့်ကြည့်နေကြတာဖြစ်ပြီး သေချာတာကတော့ snow drop team ဟာ အမှားသေးသေးလေးတောင်ပါလို့မဖြစ်တဲ့ အင်မတန် အန္တရာယ်များတဲ့အနေအထားမှာ ရှိနေကြတာပါ။ လက်ရှိမှာလည်း Snow Drop ကို ထုတ်လွှင့်ပြသနေတဲ့ JTBC က ဆက်လက်ထုတ်လွှင့်သွားမှာမို့ သေချာစောင့်မျှော်ကြည့်ရှုပေးရန် ကြေငြာချက်ကို ထုတ်ပြန်လာခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပရိတ်သတ်တွေအနေနဲ့လည်း ရင်တမမနဲ့ဆက်လက်မျှော်လင့်စောင့်စားနေကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T