ထိုင်းနိုင်ငံမှာ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ပထမဆုံး ပြည်တွင်းကူးစက်မှုတွေ့ခဲ့ကြောင်း တနင်္လာနေ့တုန်းက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး အိုမီခရွန် ပျံ့နှံ့မှုအပေါ် စိုးရိမ်ချက်ကြောင့် ထိုင်းအစိုးရက ဒီဇင်ဘာ ၂၁ ရက်နေ့ ဒီနေ့မှစတင်ပြီး ကွာရင်းတင်း ကင်းလွတ်ခွင့် အစီအစဉ်ကို ပြန်ရုပ်သိမ်းလိုက်ကာ မဖြစ်မနေ ကွာရန်တင်း ဝင်ရမယ့် စည်းကမ်းချက်ကို ပြန်လည်သတ်မှတ်တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြည်ပခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အဓိကလုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီး ကိုဗစ်ကြောင့်တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းကို ပြိုလဲစေခဲ့တဲ့ ၁၈ လနီးပါးကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအထိ ထိုင်းနိုင်ငံမှာ အိုမီခရွန် ပိုးတွေ့လူနာ ၆၃ ဦး တွေ့ရှိထားပြီး တစ်ဦးဟာ ပြည်တွင်း ကူးစက်မှုဖြစ်ကာ ကျန်တာတွေက ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ကြောင်း သိရပါတယ်။
Source : CNA