အတွဲနှစ်တွဲရဲ့ ကြည်နူးစရာဇာတ်လမ်း The Holiday

//s9.kh1.co/0b/0bb4da326aa051b5870b80ab0057d6294b64f288.png
ဖျော်ဖြေရေးများ

 ၂၁-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

ခရစ်စမတ် ရိုမန့်တစ်ရုပ်ရှင်တွေထဲမှာဆိုရင် ဂန္တဝင်ဇာတ်ကားလို့ပြောလို့ရတဲ့ ရုပ်ရှင်ကားတစ်ကားအကြောင်းကို တင်ဆက်ပေးချင်ပါတယ် 2006 ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ငယ်ဘဝ အငွေ့အသက်လေးတွေကိုပါ ပြန်လည်ခံစားရမဲ့ရုပ်ရှင်ပါ The Holiday လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ် 

https://s9.kh1.co/__image/w=320,h=180,q=100/7a/7a3738956b293633e64a2057aed2d1463bd2dd47.jpg

ဇာတ်လမ်းအကျဥ်းကတော့ ရည်းစားဟောင်းဖြစ်သူ Jasper Bloom ကို မမေ့နိုင်သေးတဲ့ Iris ဆိုတဲ့ကောင်မလေးဟာ သူ့ရည်းစားဟောင်းနဲ့အတူ တစ်ရုံးတည်းမှာ အလုပ်လုပ်ပါတယ် ဒီလိုနဲ့တစ်ရက် သူစေ့စပ်တာကို သိပြီးနောက်မှာတော့ သူမဟာ ဝမ်းနည်းသွားပြီး ခရစ်စမတ်ပိတ်ရက်မှာ အဝေးတစ်နေရာကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် တစ်ချိန်တည်းမှာပဲ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ Amanda Woods ကလည်း ရည်းစားဖြစ်သူ Ethen ရဲ့ ဖောက်ပြန်မူကြောင့် လောလောလတ်လတ် အသည်းကွဲနေပြီး ပိတ်ရက်မှာ တစ်နေရာရာကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်

https://s9.kh1.co/__image/w=650,h=407,q=100/e5/e5dfe4f3ce0b9891404e62f5459b3e3277825016.png

ဒီလိုနဲ့သူတို့နှစ်ယောက်သား အိမ်ခဏလဲနေတဲ့ Website ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် တွေ့သွားကြပြီးနောက် အိမ်လဲနေကြဖို့ သဘောတူလိုက်ကြပါတယ် ဒီလိုနဲ့နောက်နေ့အိမ်လဲပြီးနောက် Iris က Amanda ရဲ့ အိမ်ကြီးမှာ ပျော်ရွှင်နေပေမဲ့ Amanda ကတော့ မပျော်နေခဲ့ပါဘူး နောက်တစ်နေ့ချက်ချင်းအိမ်ကိုပြန်မယ်လို့ စီစဥ်နေရင်းနဲ့ ညရောက်တော့ Iris ရဲ့မောင် ဝတ္ထုတည်းဖြတ်သူ Graham မူးမူးနဲ့ရောက်ပြီး နှစ်ယောက်သားအတူတူ တစ်ညတာကို ကုန်ဆုံးခဲ့ကြပါတယ် နောက်တစ်နေ့ကျတော့လည်း ပြန်ဖို့လုပ်နေရင်း အရက်ဆိုင်မှာ Graham နဲ့ပြန်တွေ့ပြီး မပြန်ဖြစ်တော့ပါဘူး

https://s9.kh1.co/__image/w=650,h=412,q=100/3a/3a06ad40b02ac467f688b3521422923812979f69.jpg

Iris ကလည်း Amanda ရဲ့အိမ်နီးချင်း ဇာတ်ညွှန်းရေးဆရာ Arthur Abbott နဲ့ရင်းနှီးသွားပါတယ် ညစာစားရင်း သူမရဲ့ရည်းစား‌ဟောင်းအကြောင်းနဲ့ ဘဝအကြောင်းပြောလိုက်တဲ့အခါ သူမဘဝမှာ သန်မာတဲ့ မိန်းမတစ်ယောက်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကားစာရင်းကြီးကို Arthur ကပေးခဲ့ပါတယ် နောက်ပိုင်းတော့ သူမဟာ Amanda ရည်းစားဟောင်း Ethen ရဲ့လုပ်ဖော်ကိုင်ဖက် Miles နဲ့ခင်မင်သွားပြီး ညစာစားရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးလာကြပါတယ် ဒီလိုနဲ့ပဲ ယောကျာ်းတွေနဲ့ အဆင်မပြေတဲ့ မိန်းကလေးနှစ်ယောက်ဟာ အတွဲကိုယ်စီနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှူခံစားရမဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် ရည်းစားဟောင်းတွေနဲ့ ဇာတ်လမ်းတွေရှုပ်ကြပုံကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ် 

Iris အဖြစ် မင်းသမီး Kate Winslet ရုပ်ရှင်ထုတ်လုပ်သူ Amanda Woods အဖြစ် Cameron Diaz တို့ကအဓိကသရုပ်ဆောင်ထားကြပါတယ် အမျိုးသားသရုပ်ဆောင်တွေကတော့ Graham အဖြစ် Jude Law နဲ့ Miles Dumont အဖြစ် Jack Blak တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇင်ဘာလ 8 ရက်နေ့ 2006 ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျက် ဒေါ်လာ 85 သန်းအသုံးပြုထားပြီး တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာ 205 သန်းပြန်ရခဲ့ပါတယ် ဇာတ်လမ်းကတောက်လျှောက် ကြည်နူးဖို့ကောင်း သရုပ်ဆောင်မူတွေလည်း အကုန်အဆင်ပြေနေတဲ့ ဒီဇာတ်ကားရဲ့ အားနည်းချက်တစ်ခုကတော့ ဇာတ်သိမ်းပိုင်းကို ခန့်မှန်းရလွယ်နေတာဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T