H&M ၊ Zara ၊ Inditex နဲ့ Primark ကဲ့သို့ ကမ္ဘာကျော် ထိပ်တန်းအမှတ်တံဆိပ်တွေ ပါဝင်တဲ့ ACT အဖွဲ့က လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်အားလုံးကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ(၁၅)ရက်နေ့က ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းမှုဖြစ်စဉ်ပြီးတဲ့နောက် အလုပ်သမားတွေကိုယ်စား ဆောင်ရွက်တဲ့နေရာမှာ ပြည်တွင်းက အလုပ်သမားသမဂ္ဂအဖွဲ့များ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် အခုလို ရပ်နားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Action Collaboration Transformation (ACT) ဆိုတာဟာ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လုပ်သားများအတွက် ကုမ္ပဏီတစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ စားဝတ်နေရေးဖူလုံခြင်း ၊ လုပ်အားခ သေချာစွာရရှိနိုင်ရေး အစရှိတဲ့ ကိစ္စရပ်တွေကို အဓိကလုပ်ဆောင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ (၂၀၁၈) ခုနှစ်မှစတင်၍ ACT ဦးစားပေးနိုင်ငံဖြစ်လာခဲ့ပြီး (၂၀၂၁) ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှာ ACT ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ACT အနေနဲ့ (၂၀၂၁) ခုနှစ် မတ်လမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံအတွင်းက အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြသော အလုပ်သမားများအားလုံးရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာတဲ့ Fast-Track Dispute Resolution Mechanism ကို ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
