ဘောလိဝုဒ်စတား မင်းသမီး ကရီနာကပူးလ်ခမ်ဟာ လက်ရှိမှာ Covid-19 ရောဂါကူးစက်ခံထားရပါတယ် အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ညစာစားပွဲတစ်ခုကနေ ကူးစက်ခံရတယ်လို့ သိရပါတယ် သူတစ်ယောက်တည်းမဟုတ်ပဲ အတူတူ ညစာစားပွဲတက်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူပါ ကူးစက်ခံခဲ့ရပါတယ်

ကရီနာကပူးလ်ခန်နဲ့ အမာရိတာအာရိုရာတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပါတီပွဲအကြီးကြီးမဟုတ်ပဲ ဧည့်သည်နည်းနည်းသာ တက်ရောက်တဲ့ ညစာစားပွဲတစ်ခုကနေ ရောဂါကူးစက်ခံခဲ့ရတာပါ ဘရီဟမွန်ဘိုင်း မြို့အုပ်ချုပ်ရေးကော်ပိုရေးရှင်းက သူတို့နှစ်ယောက်စလုံးဟာ Covid-19 ဥပဒေတွေကို ချိုးဖျက်ပြီး ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ် ပရိသတ်တွေကလည်း နှစ်ဦးလုံးကို ဆက်တိုက်ဝေဖန်နေကြဆဲပါ အစပိုင်း သတင်းတွေကနေ တောက်လျှောက် သူမရောဂါကူးစက်ခံရကြောင်းတင်ပြီး မကြာမီမှာပဲ သူမရဲ့ Instagram story မှာ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်

သူမဟာ တာဝန်မဲ့လုပ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဝေဖန်နေကြတာကို သူမရဲ့ပြောရေးဆိုခွင့်ရှိသူက ကပူးလ်ဟာ အရမ်းတာဝန်ယူတတ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သူမမိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း ကာကွယ်ဆေးထိုးထားပြီး ရောဂါလက္ခဏာတွေ မတွေ့ရကြောင်း ညစာစားပွဲကလည်း လူနည်းနည်းလေးနဲ့ ပြုလုပ်တဲ့ ပွဲအသေးလေးဖြစ်ပြီး တကယ်လို့ တစ်ယောက်ယောက်က တာဝန်မဲ့တယ်ဆိုရင် အဲ့လူဟာ ညစာစားပွဲမှာ ချောင်းဆိုးနေတဲ့ လူတစ်ယောက်သာဖြစ်ကြောင်း မင်းသမီးဖက်ကနေ ကာကွယ်ပြောဆိုထားပါတယ်

ညစာစားပွဲမှာ လူတစ်ယောက်က နေမကောင်းတဲ့ပုံစံနဲ့ တောက်လျှောက်ချောင်းဆိုးနေခဲ့တယ်လို့ သတင်းဌာနတွေက ရေးသားခဲ့ကြပါတယ် အဲ့လူက ဘယ်သူလဲဆိုတာကိုတော့ ထုတ်ပြောထားတာ မရှိသေးပါဘူး သူမဟာ လက္ခဏာတွေစပြတာနဲ့ တစ်ယောက်တည်း သီးသန့်ခွဲနေနေပြီး မိသားစုမှာလည်း ဘယ်သူမှ ကူစက်မခံထားရကြောင်း ပြောပါတယ် လက်ရှိသူမဟာ Celebrity တစ်ယောက်အနေနဲ့ မလုပ်သင့်တာကို လုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတာပါ လက်ရှိကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့လည်း သိရပါတယ်





