ဇာတ်ကားနာမည်နဲ့ ဇာတ်အိမ်ဆန့်ကျင်ဖက်ဖြစ်နေတဲ့ Happiness ဇာတ်လမ်းတွဲ

//s9.kh1.co/37/37780240ec9a186057983d06a47ab262d55fbda7.webp
ဖျော်ဖြေရေးများ

 ၁၅-ဒီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၄ နှစ် က

.

ကိုရီးယားဒရမ်မာ ဇာတ်လမ်းတွဲတွေထဲမှာမှ ဒရမ်မာကြီးပဲ ကြည့်ရတာပျင်းနေတဲ့သူတွေ ခြောက်ခြောက်ခြားခြားဇာတ်လမ်းပဲ ကြည့်ချင်တယ် ဒါပေမဲ့ကိုရီးယားကားဖြစ်ဦးမှဆိုတဲ့ဘလူတွေအားလုံးအတွက် ပြီးခဲ့တဲ့လကမှ ထုတ်လွှင့်ပြသခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုရှိပါတယ် Happiness လို့ အမည်ရပါတယ် နာမည်က Happiness ဆိုပေမဲ့ ဇာတ်လမ်းကတော့ သိပ်ပျော်စရာမကောင်းပါဘူး

Happiness trailer

Yoon Sae-Bom ဆိုတဲ့ကောင်မလေးဟာ လူတွေကို ရူးသွပ်သွားစေတဲ့ ရောဂါတစ်မျိုးရှိနေသူနဲ့ ရင်ဆိုင်မိရင်း ဒဏ်ရာရသွားတာကြောင့် ကုသရေးစင်တာတစ်ခုကို ရောက်သွားပါတယ် အဲ့ဒီကုသရေးစင်တာမှာ သူမကို တိုက်ခိုက်တဲ့လူလို ‌ရောဂါရှိနေသူတွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပါတယ် အဲ့လိုနဲ့ Han Tae-Sook ဆိုသူနဲ့တွေ့ပြီးနောက် သူမကို လုံခြုံတဲ့ တိုက်ခန်းတစ်ခုမှာထားဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမဲ့ တိုက်ခန်းမှာသွားနေဖို့ဆိုရင် သူမဟာ အိမ်ထောင်ရှိမှဖြစ်တာကြောင့် သူမရဲ့အထက်တန်းတုန်းကသူငယ်ချင်း ဘတ်စကတ်ဘော ကစားသမားဟောင်း Jung Yi-Hyun ကို ခင်ပွန်းအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းတာကို သူကလက်ခံလိုက်ပါတယ်

Happiness poster
Happiness poster

လက်ရှိတော့ Jung Yi-Hyun ဟာ စုံထောက်တစ်ဦးပါ Yoon Sae-Bom ဟာ ရောဂါရှိသူတစ်ယောက်ဆီကနေ ဒဏ်ရာရခဲ့ပေမဲ့ သူမကတော့ ရောဂါရှိသူတစ်ယောက်ပုံစံမပြောင်းသွားပါဘူး သူတို့ရောက်သွားတဲ့ တိုက်မှာလည်း Next ဆိုတဲ့ဆေးကို သောက်မိသူတွေကနေတဆင့် ရောဂါဟာပြန့်နေပြီး တဖြည်းဖြည်းကူးစက်ခံရသူ ပမာဏ တိုးပွားလာတာကြောင့် Han Tae-Sook နဲ့ သူ့ရဲ့စစ်တပ်ဟာ ကူးစက်ခံထားရသူတွေကို ကုသပေးဖို့ ကြိုးစားရမလား သတ်ပစ်ရမလား စဉ်းစားရကြပ်နေချိန်မှာပဲ ဒီသတင်းဟာ လူတွေကြားထဲ ပေါက်ကြားသွားတဲ့အခါ တိုက်ခန်းကို ဘယ်သူမှ မဝင်ရ ဘယ်သူမှမထွက်ရ ပိတ်ချလိုက်ပါတယ်

Credit:tvN
Credit:tvN

နောက်ပိုင်းတော့ ရောဂါကူးစက်ခံထားရသူတွေဟာ သေကုန်မလား ဘယ်ကနေစလာတဲ့ဘရောဂါလဲ Next ဆေးကရော ဘယ်ကဘယ်လိုလူတွေလက်ထဲရောက်လာလဲ Yoon Sae-Bom က ကုသ‌ဆေးကို ဖန်တီးရာမှာ ဘယ်လိုအကူအညီဖြစ်စေမလဲ တိုက်တစ်တိုက်လုံးထဲမှာ ဇွန်ဘီလို ရောဂါကူးစက်ခံထားရတဲ့ လူတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမဲ့ ဇာတ်လမ်းတွဲပါ

Happiness cast
Happiness cast

မင်းသမီး Han Hyo-joo မင်းသား Park Hyung-sik နဲ့ Jo Woo-jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် Studio Dragon ကထုတ်လုပ်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ Season တစ်ခု အပိုင်း ၁၂ ပိုင်းရှိပြီး နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ သောကြာနေ့နဲ့ စနေနေ့တိုင်း tvN မှာထုတ်လွှင့်ခဲ့ပါတယ် တခြား ဝါရင့်အရံသရုပ်ဆောင်တွေပါ အများကြီးပါဝင်တာကြောင့်မလို့ ကိုရီးယား သဘာဝလွန်ဇာတ်လမ်း‌ နှစ်သက်သူတွေနဲ့ ဇွန်ဘီဇာတ်လမ်း နှစ်သက်သူတွေအတွက် အမိုက်စားဇာတ်လမ်းတွဲတစ်ခုပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T