အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကို နောက်ကွယ်က စနစ်တကျ ကြိုးကိုင်စီစဥ်ခန့်ခွဲသူဖြစ်တဲ့ ဒါရိုက်တာရဲ့ နေရာဟာတကယ်ပဲအရေးကြီးပါတယ်။ထိုသို့အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နေတဲ့ မြန်မာ ဒါရိုက်တာလောကထဲ တကယ်ကိုထူးချွန်ထက်မြက်ပြီး ပရိတ်သတ်တွေရင်ထဲသဘောကျနှစ်သက်ပြီးတကယ်ကိုလေးစားအားကျရသူတစ်ဦးကိုဖော်ပြပါလို့ဆိုလာရင်တော့ ပရိတ်သတ်က ဒါရိုက်တာကြည်စိုးထွန်းကိုပဲရည်ညွှန်းကြမှာဖြစ်ပါတယ်။
ဘဘဟာ ရုပ်ရှင်ပေါင်းများစွာကို တာဝန်ယူရိုက်ကူးခဲ့ပြီး ထိုရုပ်ရှင်များစွာဟာလည်း အောင်မြင်တဲ့အတိုင်းအတာထက်ပိုမိုကျော်လွန်ပြီးကို အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ သူဟာ အကယ်ဒမီဆုကြီး(၅)ဆုတိုင်တိုင်ရရှိခဲ့တာဖြစ်ပြီး မြန်မာ့ဒါရိုက်တာလောကရဲ့ရှေ့ဆောင်လမ်းပြဆရာတစ်ဆူဆိုလည်းမမှားပါဘူး။
ဒီကနေ့ဟာလည်း ဘဘကြည်စိုးထွန်းရဲ့ (၇၆)နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ဘဘတစ်ယောက် နောင်နှစ်ပေါင်းများစွာ ဘဝကိုကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။နောက်ထပ်ကောင်းမွန်လှပတဲ့အနုပညာတွေလည်း ထပ်မံဖန်တီးနိုင်ပါစေလို့ ဖြည့်စွက်ကာ ဆုတောင်းလိုက်ရပါတယ်။