အိန္ဒိယဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ဇနီးအပါအဝင် ထိပ်တန်းအရာရှိများ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ Tamil Nadu's Coonoor မှာ ယနေ့ ဒီဇင်ဘာ (၈)ရက် နေ့လည်ပိုင်းတွင် မတော်တဆ ပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။ ကနဦးသတင်းများအရ Mi-17V5 ရဟတ်ယာဉ်ဟာ ပျက်ကျချိန်မတိုင်ခင် လူ (၁၄) ဦးကို တင်ဆောင်သွားကြောင်း ပြည်တွင်း သတင်းမီဒီယာများက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။


အိန္ဒိယလေတပ်ရဲ့ တွစ်တာတစ်ခုမှာတော့ " ဗိုလ်ချုပ်ကြီး Bipin Rawat ပါတဲ့ IAF Mi-17V5 ရဟတ်ယာဉ်ကို တမီလ်နာဒူး၊ Coonoor အနီးမှာ ယနေ့ မတော်တဆဖြစ်ပြီး ပျက်ကျခဲ့တဲ့ နေရာကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာမှာတော့ ရုပ်အလောင်း (၄)လောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။


IAF Mi-17V5 အမျိုးအစားရဟတ်ယာဉ် ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ကာ ကာကွယ်ရေးဝန်ကြီးချုပ် နာဒီရာမိုဒီထံ တင်ပြထားပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ India today သတင်းတစ်ပုဒ်ရဲ့ ဖော်ပြချက်တွေအရ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ (၁၄) ဦးအနက် (၃) ဦးကို အသက်ရှင်လျက်ကယ်ဆယ်ခဲ့ပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ချုပ်ကြီး Bipin Rawat ပါမပါ မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။



သတင်း အရင်းအမြစ်៖ Source - India today