ဒေါ်လာဘီလျံ ၁၅၀ နစ်နာကြေးပေးဖို့ Facebook ကုမ္ပဏီကို တရားစွဲလိုက်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

//s9.kh1.co/19/191ee0cb9fc3c8566ecb7cad23419789f13bdd2c.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကြမ်းဖက်မှုကို အထောက်အကူဖြစ်စေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေအပေါ် လူမှုမီဒီယာကုမ္ပဏီက အရေးယူခြင်းမပြုဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရင်က Facebook လို့ခေါ်တဲ့ Meta Platforms Inc (FB.O) ကို ဒေါ်လာ ၁၅၀ ဘီလီယံနဲ့ တရားစွဲလိုက်ပါတယ်။

Photo Credit - Google 
Photo Credit - Google 

Edelson PC နှင့် Fields PLLC တို့က တနင်္လာနေ့တွင် ကယ်လီဖိုးနီးယားမှာ အဆိုတင်သွင်းခဲ့သော အမေရိကန် လူတန်းစား-အရေးယူမှု တိုင်ကြားချက်တစ်ခုမှာ ကုမ္ပဏီရဲ့ ပျက်ကွက်မှုနှင့် ၎င်း၏ ပလက်ဖောင်းဟာ ရိုဟင်ဂျာအသိုင်းအဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေတယ်လို့ စောဒကတက်ခဲ့ပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုတွင် ဗြိတိန်ရှေ့နေများဟာ လန်ဒန်ရှိ Facebook ရုံးသို့ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

Photo Credit - Facebook 
Photo Credit - Facebook 

Facebook အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ သတင်းမှားများနှင့် အမုန်းပွားမှုများကို တားဆီးရန် နှေးကွေးလွန်းတယ်လို့ ကုမ္ပဏီက ပြောခဲ့ဖူးပြီး ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းပြီးနောက် စစ်တပ်မှ Facebook နှင့် Instagram တို့ကို ပိတ်ပင်ခြင်း အပါအဝင် ဒေသတွင်း ပလက်ဖောင်းချိုးဖောက်မှုများကို နှိမ်နင်းရန် ခြေလှမ်းများ စတင်နေပြီဟုလည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးများက Facebook အသုံးပြုမှုဟာ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးတဲ့ အမုန်းစကားများ ဖြန့်ဝေရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T