Marvel ရဲ့ MCU ထဲကို Daredevil သာ ပါလာမယ်ဆိုရင် အရင်သရုပ်ဆောင် Charlie Cox ကပဲ ပြန်လာဖြစ်မယ်လို့ အတည်ပြုလို့ရတဲ့ သတင်းတစ်ခု ထွက်လာခဲ့ပါတယ် MCU ထဲမှာ Daredevil ကို ခုချိန်ထိလုံးဝ မမြင်ရသေးပါဘူး ဒါပေမဲ့ အခု Kingpin တို့ပါ ပါလာတော့မယ်ဆိုတာကြောင့် Daredevil ပါမဲ့ ပရောဂျက်တွေလည်း မြင်ရနိုင်တော့မှာပါ Charlie Cox ဟာ အရင်ကရော နောင်ရော Daredevil အဖြစ် သရုပ်ဆောင်ရမဲ့ လူဖြစ်ပါတယ်လို့ Marvel ရဲ့ခေါင်းကိုင် Kevin Feige က ပြောကြားခဲ့ပါတယ်

Spider-Man:No Way Home အတွက် Tour တစ်ခုမှာ ပြောခဲ့တာပါ တကယ်လို့ Marvel ရဲ့ ရှေ့ဆက် ပရောဂျက်တွေထဲမှာ Daredevil သာ ပါလာခဲ့ရင် သူ့နေရာမှာ သရုပ်ဆောင်မဲ့လူက Charlie Cox ပဲဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်
“တကယ်လို့ ရှေ့လျှောက်လုပ်မှာတွေမှာ Daredevil သာပါမယ်ဆိုရင် ဟုတ်ပါတယ် Charlie Cox ကပဲ Daredevil အဖြစ် သရုပ်ဆောင်မှာပါ”လို့ Feige က CinemaBlend ကို ပြောခဲ့တာပါ

“ဘယ်မှာမြင်ရမယ် ဘယ်လိုမြင်ရမယ် ဘယ်အချိန်မြင်ရမယ်ဆိုတာတွေက ကျွန်တော်တို့ မြင်ဖူးပြီးသားပါပဲ”လို့လည်း ပြောခဲ့သေးတာကြောင့် Daredevil ထဲက တချို့ဇာတ်ကောင်တွေပါ အရင်သရုပ်ဆောင်တွေအတိုင်း ပြန်လာမလား စဉ်းစားစရာပါပဲ No Way Home Trailer ထွက်လာတုန်းကလည်း Daredevil ပါတယ်ဆိုပြီး နာမည်ကြီးခဲ့သေးပေမဲ့ တကယ်မဟုတ်ခဲ့ပါဘူး

Daredevil က နေ့ဖက်ဆို ရှေ့နေအဖြစ် ညဖက်ဆို Daredevil အဖြစ် မူခင်းတွေကို လိုက်တိုက်ခိုက်တဲ့ မျက်မမြင်တစ်ယောက်ပါ ၂၀၁၈ အကုန် Netflix က Marvel ဇာတ်လမ်းတွေကို Cancel မလုပ်ခင်အထိ ဇာတ်လမ်းအတွဲ ၃ ခုရှိခဲ့ပါတယ် ဒီကာရိုက်တာဟာ အနာဂတ် Marvel ရဲ့ ဇာတ်လမ်းတွေထဲမှာ ရှိနေမှာပါလို့ Netflix ကပြောခဲ့ပေမဲ့ Marvel နဲ့သဘောတူညီချက်တချို့အရ Daredevil ဇာတ်လမ်းတွဲ ဖျက်သိမ်းပြီး နှစ်နှစ်လောက်အထိ Netflix စီးရီးမဟုတ်တာတွေမှာ Daredevil ဇာတ်ကောင်ကို မမြင်ခဲ့ရပါဘူး

ဒီနေရာမှာ ခန့်မှန်းလို့ရတာကတော့ Daredevil ဟာ တခြားတစ်ယောက်ယောက်ရဲ့ ဇာတ်လမ်းမှာ ပါလာတာဖြစ်ဖြစ် သူ့ကိုယ်ပိုင် စီးရီးတစ်ခု Disney plus မှာ လာတာဖြစ်ဖြစ် ဖြစ်လာနိုင်ပါတယ် ကိုယ်အရင်ကြည့်နေကျ သရုပ်ဆောင်နဲ့ပဲ အထင်ကရ ဇာတ်ကောင်တစ်ခုကို ပြန်မြင်ရမှာ ဖြစ်တဲ့အတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်