လောကဓံကြားက အပြုံးမပျက်တဲ့ ဆူဒန်ပြည်သူတွေကို ချီးကျူးနေတဲ့ သတင်းထောက် Clarissa Ward

//s9.kh1.co/58/5814a05d289691eef2044045df794cb63eb61801.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ဆူဒန်ကလည်း မြန်မာနိုင်ငံလိုပဲ စစ်အာဏာရှင် လက်အောက်ကို မကြာသေးခင်က ကျရောက်ခဲ့ဖူးပါတယ်။ UNICEF အကြီးအကဲတစ်ယောက်ပြောသလို "ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံက လူနည်းစုလေးဟာ သူတို့အပြစ်ကြောင့် မဟုတ်ဘဲ ဖြစ်လာတဲ့ အရေးအခင်းတွေကို ဝန်နဲ့အားမမျှ ခံစားနေကြရရှာပါတယ်"။

https://s9.kh1.co/__image/w=650,h=650,q=100/ec/ecf30f3cdd698d66532f279e9fded346161c5331.jpg

နိုင်ငံရေး မတည်ငြိမ်ရုံတင်မက သဘာဝဘေးအန္တရာယ်ကိုပါ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အခု မိုးရာသီ ကုန်ဆုံးသွားတာတောင် ယူနတီ ပြည်နယ်မှာ ရေတက်နေတုန်း ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/a9/a9abf9a68a1e7b35ecc4905ac231cc33af87b7d8.jpg

ရေကြီးမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာ ရွှေ့ပြောင်း နေနေရပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့ လူဦးရေ သိပ်သည်းမှုကြောင့် အသည်းရောင်အသားဝါရောဂါတွေ ပျံ့နှံ့နေပြီး အစိုးရကလည်း မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ပါ။

https://s9.kh1.co/__image/w=650,h=650,q=100/f3/f3117c9fd8b0b0fabfc6819f11689ea7f3a734f9.jpg

သတင်းထောက် Clarissa Ward ဟာ UNICEF ရဲ့ အကူအညီနဲ့ ဆူဒန်မှာ သတင်းသွားယူရင်း တွေ့ကြုံခဲ့ရတာကို Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေကြားက ကြံ့ကြံ့ခံနိုင်တဲ့ ပြည်သူတွေကို အထူး လေးစားနေခဲ့ပါတယ်။ အထူးသဖြင့် ရဲရင့်ကြံ့ခိုင်တဲ့ ဆူဒန်သူတွေကို ချီးကျူးစကား ပြောခဲ့ပါတယ်။

Source - Clarissa Ward Facebook

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T