ပြည်သူ့ဆရာဝန်စစ်စစ် အမိုး Dr. စင်သီယာမောင်ရဲ့ မွေးနေ့

//s9.kh1.co/5a/5a55e01b0b98d71ee6ce482c9af818485111ca98.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်က မယ်တော်ဆေးခန်းမှာ နှစ်ပေါင်း ၃၀ ကျော် ဆေးကုသရင်း နယ်စပ်တစ်လျှောက်က လူထုကို ကူညီနေခဲ့တဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cf/cf345eb01e33722832161d99eef4a818fb7af85b.jpg

ဒေါက်တာဟာ ခက်ခဲနေတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝကို မြှင့်တင်ပေးဖို့ အစဥ်အမြဲ ကြိုးစားလျက်ရှိပါတယ်။ 

အမိုးရဲ့ ခေါင်းဆောင်မှုနဲ့ မယ်တော်ဆေးခန်းဟာ ဆေးကုသမှုတင်မက လူသားချင်းစာနာထောက်ထားမှုနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေပါ လုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ နာဂစ်လို သဘာဝ ဘေးဒဏ်တွေကြား ပြေးလွှားနေရတဲ့ ကရင်လူထုအတွက် အရေးပေါ်ဆေးကုသမှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ နေစရာနေရာနဲ့ စားစရာတွေကိုပါ ပေးနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5a/5a55e01b0b98d71ee6ce482c9af818485111ca98.jpg

အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းခဲ့တဲ့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှာ ဒေါက်တာစင်သီယာမောင်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီမှာလည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=998,q=100/60/60bbaf012a7e95f788d0ed0473b1705a2e2e6cae.jpg

ဒီဇင်ဘာ ၇ ရက် ကတော့ နှလုံးလှဆရာဝန် ဒေါက်တာ စင်သီယာမောင်ရဲ့ ၆၂ ပြည့် မွေးနေ့လေး ဖြစ်ပါတယ်။ မယ်တော်ဆေးခန်းရဲ့ facebook စာမျက်နှာကနေ အမိုးအတွက် မွေးနေ့ဆုတောင်းလေး တင်ခဲ့ပါတယ်။

မွေးနေ့လေးမှစ၍ နောက်နှစ်ပေါင်းများစွာတိုင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်စေရန် ဆုတောင်းပေးလိုက်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T