ဝါးခယ်မြို့က အဖွားတစ်ဦးဟာ လိုအပ်နေသူများသုံးဆောင်ဖို့အတွက် ၅၀၀ ကျပ်တန်ထမင်းဆိုင်မှ ကူပွန်လေးတွေကို လိုအပ်နေသူများ အခမဲ့စားသုံးလို့ ရအောင် လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ထမင်းလာရောက်စားသုံးသူများ အပြန်တွင်လည်း ၅၀၀ ကျပ်စီကို ထပ်မံလှူဒါန်းပေးခဲ့ပြန်ပါသေးတယ်။ အဖွားရဲ့ မွန်မြတ်လှတဲ့ စိတ်ထားဟာ တော်တော်ကို လေးစားဖွယ်ကောင်းလှပါတယ်။
အဖွားလှူဒါန်းခဲ့တဲ့ ၅၀၀ ကျန်တန်ထမင်းဆိုင်လေးရဲ့ လိပ်စာက ဝါးခယ်မမြို့ ၊ မင်းပိုင်းရပ်ကွက် ၊ ကမ်းနားလမ်း ၊ ကွမ်းခြံကုန်းကျောင်းတိုက်မှာ တည်ရှိတာဖြစ်ပါတယ်။
၅၀၀ ကျပ်တန် ထမင်းဆိုင်လေးမှာ တန်ဖိုးငွေ ၅၀၀ ကျပ်ဖြင့် ဝင်ရောက်သုံးဆောင်လို့ ရသလို အလှူရှင်သူများအတွက်လည်း ကူပွန်လေးများ ဝယ်ယူ လှူဒါန်းသွားနိုင်သည့် “လိုအပ်သောသူ ဖေးမကူ” အစီအစဉ်လေး ရှိတယ်လို့ သိရပါတယ်။
၅၀၀ ကျပ်တန်ထမင်းဆိုင်လေးက ဝါးခယ်မမြို့နေပြည်သူတွေအတွက် အားထားရတဲ့ တန်ဖိုးနည်းထမင်းဆိုင်လေးဖြစ်ပြီး နေ့စဉ်နေ့တိုင်း လာရောက်စားသုံးသူများဖြင့် စည်ကားလျက်ရှိပါတယ်။