အတည်ပြုလိုက်ပြီဖြစ်တဲ့ Shang-Chi 2

//s9.kh1.co/83/83b820990e80c87ab4fab97d1568e70c9d0e5755.jpeg
ဖျော်ဖြေရေးများ

 ၀၇-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ Shang-Chi and the legends of the ten rings ဇာတ်ကားဟာ Sequel နောက်ထပ်ဇာတ်ကားတစ်ခု ထပ်ထွက်မယ်လို့ Marvel က အတည်ပြုလိုက်ပါပြီ Marvel ရဲ့ ပထမဆုံး အာရှသားတွေပဲ အများဆုံးပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဝေဖန်ရေးသမားတွေ ပရိသတ်တွေကြားထဲမှာ Review အကောင်းတွေ အများကြီးနဲ့ ရပ်တည်နေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်ကားကလည်း Fight scene တွေအများကြီးနဲ့ တကယ်ကို ကြည့်ရတာတန်တဲ့ Super Hero ဇာတ်ကားတစ်ကားဖြစ်ပါတယ်

Shang-Chi and The Legends Of Ten Rings
Shang-Chi and The Legends Of Ten Rings

အဲ့လိုဇာတ်ကားကို Sequel ထပ်ထုတ်ပေးတာက ဆန်းတော့မဆန်းပါဘူး Shang-Chi ဟာ ပြီးခဲ့တဲ့ကားရဲ့ Credit Scene အရ Marvel မှာ အများကြီး နေရာယူဦးမှာ သေချာပါတယ် လူပြောများနေကြတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ အရင် Shang-Chi ကားရဲ့ ဒါရိုက်တာ Destin Daniel Cretton ကပဲ ဆက်လက်ရိုက်ကူးမှာပါ ဇာတ်ညွှန်းပိုင်းကိုလည်း သူပဲကိုင်မှာ ဖြစ်ပါတယ် နောက်ပြီးတော့ သူကပဲ Disney Plus ပေါ်မှာ Marvel series တစ်ခုကို ကိုင်တွယ်ဦးမှာလို့ ထုတ်ပြန်ထားပါသေးတယ်

Destin Daniel Cretton and Simu Liu
Destin Daniel Cretton and Simu Liu

Shang-Chi abd the legends of ten rings မှာတုန်းက Shang-Chi ရဲ့အဖေ ကွင်း ၁၀ ကွင်းရဲ့ ပိုင်ရှင်အကြောင်းနဲ့ Shang-Chi တို့ မိသားစုအကြောင်းကိုသာ အသားပေးထားပြီး ကွင်း ၁၀ ကွင်းအကြောင်းကိုတော့ လုံးဝဘာမှကို မရှင်းပြထားသေးပါဘူး Credit Scene ကိုရောက်မှသာ Captain Marvel နဲ့ Bruce Banner တို့က ကွင်းတွေအကြောင်း စုံစမ်းတာကို ပြသွားပါတယ် ဒီကွင်း ၁၀ ကွင်းဟာ Comic မှာတော့ Shang-Chi ရဲ့အဖေဟာ UFO တစ်စင်းပေါ်က ရရှိခဲ့တာဖြစ်ပြီး Shang-Chi ကားထဲမှာတော့ သင်္ချိုင်းတစ်ခုက ရတယ်လို့ပဲ ပြောထားပါတယ်

Rings in Shang-Chi
Rings in Shang-Chi

အဲ့အပြင် Comic ထဲမှာက ကွင်းတစ်ကွင်းစီမှာ အစွမ်းတစ်မျိုးစီ ရှိပါတယ် ကွင်း ၁၀ ကွင်းရဲ့ ပိုင်ရှင်အကြောင်း Fan Theory တွေလည်း အများကြီးရှိပါသေးတယ် ဒါကြောင့်လာမဲ့ Shang-Chi 2 မှာတော့ ကွင်းတွေရဲ့အကြောင်းကို သေချာရှင်းပြသွားမယ်လို့ မျှော်လင့်ရပါတယ် Shang-Chi 2 အပြင်ကို Shang-Chi ရဲ့ညီမနဲ့ Ten Rings ဂိုဏ်းအကြောင်း series တစ်ခုလည်း ထွက်လာဦးမှာ ဖြစ်တာကြောင့် Shang-Chi တို့က MCU ထဲက ကျယ်ကျယ်ပြန့်ပြန့် နေရာဝင်ယူဦးမှာကတော့ သေချာပါတယ်

Shang-Chi and The Legends Of Ten Rings
Shang-Chi and The Legends Of Ten Rings

Shang-Chi 2 ရဲ့ ဒါရိုက်တာနဲ့ ပတ်သက်ပြီး MCU ရဲ့ခေါင်းကိုင် Kevin Feige က "သူဟာ ဆန်းကြယ်တဲ့ အိုင်ဒီယာအသစ်တွေနဲ့ ဇာတ်လမ်းတွေကို Disney Plus ပေါ် ယူဆောင်လာပေးတတ်တဲ့သူပါ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကြာရှည်ဖို့ မျှော်လင့်ထားပြီး သူနဲ့အတူ အလုပ်စလုပ်ဖို့ကိုလည်း မစောင့်နိုင်တော့ဘူး"လို့ ပြောထားပါတယ် ဒီ Shang-Chi ဇာတ်လမ်းတွဲဟာ ခုမှ ဒါရိုက်တာနဲ့ လက်မှတ်ထိုးတုန်းဆိုတော့ ထွက်ဖို့လိုဦးမှာပါ Marvel ကလည်း ကားဟာ ဘယ်လိုဆက်ဖြစ်မလဲ ဘယ်တော့ထွက်လာမလဲဆိုတာတွေ ဘာမှမပြောထားသေးပါဘူး ထွက်လာရင်တော့ Shang-Chi and the legends of ten rings လိုပဲ ဝက်ဝက်ကွဲ အောင်မြင်ဦးမဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T