ဒီပုံတွေကို ကြည့်ပြီး အမြွှာလို့ ထင်ရင် မှားသွားပါမယ်

//s9.kh1.co/5c/5c6a083877a443ec573a0389e83ac0feb8aa413e.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ကမ္ဘာပေါ်မှာ လူတူမရှား၊ နာမည်တူမရှား ဆိုပေမယ့် အမြွှာတွေလို၊ မောင်နှမလို တူတာကတော့ ရှားလိမ့်မယ် ထင်ပါတယ်။ အောက်မှာ ပြထားတဲ့ ပုံတွေကို ကြည့်ပြီး သူစိမ်းတွေ ဖြစ်မလား၊ မိသားစုဝင်တွေ ဖြစ်မလား ခန့်မှန်း ကြည့်ပါဦး။

https://s9.kh1.co/__image/w=650,h=826,q=100/49/4912c3800408e2b1a74d9d56e7699c3fb1ae9ef9.jpg
https://s9.kh1.co/__image/w=650,h=817,q=100/b7/b738ef21abafeb345621d6258a196f0d5fd612a2.jpg
https://s9.kh1.co/__image/w=650,h=491,q=100/1c/1c0000a1224ad857a66e72b345fdcc5c19e4d3fb.jpg

ကြည့်လိုက်တာနဲ့ အမြွှာ၊ ဒါမှမဟုတ် အနည်းဆုံးတော့ မောင်နှမတွေ ဖြစ်မယ်လို့ ထင်ရတယ်မလား။ တကယ်တော့ သူတို့အားလုံးဟာ ဘာမှ သွေးသားမတော်စပ်တဲ့ သူစိမ်းတွေ ဖြစ်ပါတယ်။ ကနေဒါ ဓာတ်ပုံဆရာ Francois Brunell ဆိုသူက ခရီးလှည့်လည်သွားလာရင်း ရုပ်တူတဲ့လူတွေကို တွေ့ရင် မှတ်ထားပါတယ်။ ပြီးရင် အဲဒီလူတွေကို ချိန်းပြီး နှစ်ယောက်တွဲပုံတွေ ရိုက်ကူးခဲ့တာပါ။ အရိုက်ခံတဲ့လူတွေကလည်း တစ်ဦးနဲ့ တစ်ဦး လုံးဝ မသိကြပါဘူး။

https://s9.kh1.co/__image/w=650,h=807,q=100/a5/a5bd6231c5400fb8fb3706dcf95660a5325ce239.jpg
https://s9.kh1.co/__image/w=650,h=491,q=100/91/919f711bb0c831158c096c38436b45eb3989cafe.jpg
https://s9.kh1.co/__image/w=650,h=742,q=100/13/13f23ac4c5f14cda87e31aa5a0bbac181bd02d2c.jpg

​လူသားတွေဟာ မျိုးရိုးဗီဇအရ ကြည့်ရင် အားလုံး အတူတူပဲမို့ ရုပ်ချင်းခပ်ဆင်ဆင် ဖြစ်နေကြတာလည်း မဆန်းပါဘူး။ ကိုယ်နဲ့ ရုပ်ဆင်တဲ့သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ တွေ့ဖူးကြမယ် ထင်ပါတယ်။ ဒီဓာတ်ပုံဆရာသာ သိရင်တော့ ဓာတ်ပုံခေါ်ရိုက်နေဦးမှာပါပဲ။

https://s9.kh1.co/__image/w=650,h=856,q=100/c8/c80914ea9804263657a81486aa113d7a7511fd46.jpg
https://s9.kh1.co/__image/w=650,h=491,q=100/b0/b0d9a7ba979ce638f039cec4ad471da91c38b17e.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T