ဖေဖော်ဝါရီလ(၁) ရက်နေ့နောက်ပိုင်းကတည်းကနေ စတင်ပြီး တရားမျှတတဲ့ ဒီမိုကရေစီလိုလာတဲ့ ပြည်သူတွေကတော့ ဖမ်းဆီးမှုတွေကြားကနေ ရရာနည်းလမ်းတွေနဲ့ ဆန့်ကျင် ဆန္ဒပြကြနေဆဲပါ။ အနာဂတ်အိမ်မက်တွေ ထွန်းလင်းတောက်ပလာစေဖို့ အားမန်တက်ကြွတဲ့ လူထုလှုပ်ရှားမှုတွေလည်း စည်းစည်းလုံးလုံး နဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ည(၈)နာရီရောက်ပြီဆိုတာနဲ့ ရန်ကုန်မြို့ကြီး အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများဟာ အချိန်မှန်မှန် မပျက်မကွက်ဘဲ တက်တက်ကြွကြွ သံဗုံးတီးခဲ့ကြတာကတော့ ကြက်သီးထစရာလည်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိ မြို့နယ်တချို့တွေမှာ ပြောက်ကျား သပိတ်စစ်ကြောင်းတွေလည်း ဖမ်းဆီးပစ်ခတ်မှုတွေကြားကနေ ဆက်လက် ချီတက်နေတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ဘယ်တော့မှ သွေးမအေးသွားဘူးဆိုတဲ့အကြောင်း သက်သေပြလိုက်တဲ့ ရန်ကုန်မြို့က ပြည်သူတွေရဲ့ ကြက်သီးထစရာ လုပ်ရက်လေးကို တစ်ကျော့ပြန် တွေ့မြင်ခဲ့ရပါတယ်။ ဒါကတော့ အားမန်တက်ကြွတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်သူများဟာ ညီညီညွတ်ညွတ်ဖြင့် သံဗုံးတီးပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူတွေရဲ့ တက်ကြွစွာ သံဗုံးတီးခဲ့ကြတာကတော့ ကြားရသူတိုင်း ကြက်သီးထစရာ ဖြစ်ခဲ့ရပါတယ်။