အသက် (၂၀) ပြည့်မွေးနေ့လေးကို တိုကျိုမြို့လယ်ရှိ Imperial နန်းတော်မှာ ကျင်းပခဲ့တဲ့ ဂျပန် မင်းသမီးလေး Aiko

//s9.kh1.co/f5/f5448985145c43d08fe25de6288132724089b9d0.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဂျပန်ဧကရာဇ် Naruhito နှင့် Empress Masako တို့ရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်တဲ့ မင်းသမီးလေး Aiko ဟာ ပြီးခဲ့ရတဲ့ ရက်က အသက် (၂၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မင်းသမီးလေး Aiko ရဲ့ ဂုဏ်ပြုမွေးနေ့ပွဲကိုတော့ ဗုဒ္ဓဟူးနေ့က တိုကျိုမြို့လယ်ရှိ Imperial နန်းတော်မှာ ကျင်းပခဲ့တယ်လို့ Reuters သတင်းတစ်ပုဒ်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Twitter 
Photo Credit - Twitter 
Photo Credit - Twitter 
Photo Credit - Twitter 

အမျိုးသားများအတွက် ချမှတ်ထားသော ဥပဒေအရ Chrysanthemum ပလ္လင်သို့ တက်ရန် မင်းသမီး Aiko ဟာ အရည်အချင်းမပြည့်မီသေးပေမယ့် tiara နှင့် အဖြူရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး မွေးနေ့ဂုဏ်ပြုပွဲနေ့က စာနယ်ဇင်းများအား ဦးညွှတ်ပြုံးပြခဲ့ပါတယ်။ မင်းသမီးလေးဟာ ပြည်သူများကို ကူညီပေးနိုင်တဲ့ အရွယ်ရောက်ခဲ့ပြီဖြစ်ကြောင်း Imperial Household Agency က မင်းသမီးလေးရဲ့မွေးနေ့ပွဲမှာ ထုတ်ပြန်တဲ့ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

“ဒီနေ့အထိ ကျွန်တော့်ရဲ့ ခရီးမှာ ပါဝင်ခဲ့ကြသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်” လို့ မင်းသမီးလေး Aiko က ဆိုထားခဲ့ပါတယ်။ ဒါ့အပြင် COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြား သေဆုံးရခြင်းကိုလည်း ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ပြီး လူတိုင်းထံ "ငြိမ်းချမ်းပြီး တက်ကြွသောဘဝ" အမြန်ဆုံးရောက်ရှိလာမည်ဟု မျှော်လင့်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

သတင်း အရင်းအမြစ်Source - Reuters

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T